■ အလွန်ဆိုကို (၄)သင်းအပြိုင် ကြိုးပမ်းနေသည်ဟု အူလီဟိုးနက်စ် ဆို     

■ အလွန်ဆိုကို (၄)သင်းအပြိုင် ကြိုးပမ်းနေသည်ဟု အူလီဟိုးနက်စ် ဆို     
Photo: Sky Sports
Photo: Sky Sports
Published 22 March 2024

ဘိုင်ယန်မြူးနစ်အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ အူလီဟိုးနက်စ်က လေဗာကူဆင်နည်းပြ အလွန်ဆိုကို စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် (၄)သင်းအပြိုင်ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သည်။ 

အလွန်ဆိုအား ၎င်း၏ကစားသမားဘဝ အသင်းဟောင်းများဖြစ်သည့် လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က နည်းပြသစ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ 

ထို့ပြင် လက်ရှိကလပ် လေဗာကူဆင်အသင်းကလည်း အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနေသည့် နည်းပြ အလွန်ဆိုအား သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ 

"သူက စိန်ခေါ်မှုကို ရင် ဆိုင်နိုင်တဲ့ နည်းပြတစ်ဦးဖြစ်ကြောင်း သက်သေပြထားပြီးပါပြီ။ သူ့ကို လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်၊ လေဗာကူဆင်နဲ့ ဘိုင်ယန်မြူးနစ်လိုအသင်းတွေက ခေါ်ယူဖို့ လုပ်ဆောင်နေကြပါတယ်"ဟု အူလီဟိုးနက်စ်က ပြောကြားခဲ့သည်။

Most Read

Most Recent