အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နည်းပြ ဆောက်ဂိတ်က ယူရိုပြိုင်ပွဲပြီးမှ အနာဂတ်အတွက် ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။ သူက အင်္ဂလန်အသင်းနဲ့ ၂၀၂၄ ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုထားတာပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က သူနဲ့ ဆက်ပြီးလက်တွဲသွားဖို့ ဆန္ဒရှိနေပေမဲ့ ဆောက်ဂိတ်ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ချင်ပုံရပါတယ်။ ဆောက်ဂိတ်က အင်္ဂလန်အသင်းနဲ့ လက်တွဲခဲ့တဲ့ (၈)နှစ်ဝန်းကျင်ကာလအတွင်း ဆုဖလားအောင်ပွဲ ရယူပေးနိုင်ခြင်းမရှိသေးပေမဲ့ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဆုဖလားနဲ့ အလွန်နီးစပ်တဲ့ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဆောက်ဂိတ်ရဲ့ အကောင်းဆုံးအခွင့်အရေး၊ နောက်ဆုံးအခွင့်အရေး
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။