အီတလီစီးရီးအေပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 27 October 2024

ပါးမား - အမ်ပိုလီ (တနင်္ဂနွေညနေ ၆း၀၀ နာရီ)

အမ်ပိုလီက နောက်ဆုံးပွဲတွေမှာ လာဇီယို၊ နာပိုလီတို့လို အသင်းတွေကို ရှုံးခဲ့ပေမဲ့ ခြေစွမ်းမညံ့ခဲ့ဘူး။ ပါးမားကလည်း နောက်ပိုင်းပွဲတွေမှာ ကစားပုံ အနည်းငယ်ကျဆင်းလာတယ်။ သရေကျဖို့များပါတယ်။

လာဇီယို - ဂျီနိုအာ (တနင်္ဂနွေည ၈း၃၀ နာရီ)

လာဇီယိုရဲ့ ဒီရာသီအိမ်ကွင်းစွမ်းဆောင်ရည်က ချီးကျူး စရာဖြစ်ပြီး အိမ်ကွင်း (၄)ပွဲမှာ (၁၀)မှတ်အထိရယူနိုင်ခဲ့တယ်။ ဂျီနိုအာက အဝေးကွင်းဆို ကစားပုံသိသိသာသာ ကျဆင်းသွား တတ်တဲ့ အသင်းပါ။ လာဇီယိုအနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

မွန်ဇာ - ဗင်နီဇီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)

မွန်ဇာက ဗင်နီဇီယာကို အိမ်ကွင်းမှာ လက်ခံကစားတဲ့ နောက်ဆုံး (၄)ပွဲဆက် အနိုင်မရခဲ့ဘူး။ ဒါပေမဲ့ လက်ရှိ ဗင်နီဇီ ယာရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကလည်း အားရစရာမရှိပါ ဘူး။ မွန်ဇာကို ကြိုက်တယ်။

အင်တာမီလန် - ဂျူဗင်တပ်စ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ချန်ပီယံဆုအတွက် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်လာဖို့ရှိပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရမလားဆိုတာ စောင့်ကြည့် ရပါမယ်။ ပြီးခဲ့တဲ့ပွဲမှာ လော်တာရိုမာတီနက်ဇ် ဂိုးပေါက်ပြန်တွေ့ခဲ့တာကတော့ အင်တာမီလန်အတွက် အပေါင်းလက္ခဏာ ဆောင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဒီပွဲမှာလည်း လော်တာရိုမာတီနက်ဇ်-မားကပ်စ်သူရမ် အတွဲအဖက်ကို အဓိက စောင့်ကြည့်ရ ပါမယ်။ မော့တာရဲ့ ဂျူဗင်တပ်စ်ဆီမှာလည်း အားရစရာပုံစံတချို့ကို မြင်တွေ့ရပေမဲ့ ထိပ်သီးတွေနဲ့ တွေ့ဆုံတဲ့ပွဲတွေဆို ရုန်း ကန်ရလေ့ရှိတာကိုတော့ သတိပြုရပါမယ်။ အင်တာမီလန်အနိုင်ယူသွားမယ့်ပွဲပါပဲ။

ဖီအိုရင်တီးနား - ရိုးမား (တနင်္လာနံနက် ၂း၁၅ နာရီ)

ဖီအိုရင်တီးနားက ဥရောပဝင်ခွင့်ပစ်မှတ်ထားနေတဲ့ အ သင်းဖြစ်ပြီး နောက်ဆုံးပွဲမှာလည်း လက်ချီကို ဂိုးပြတ်၊ ခြေပြတ် ကစားခဲ့တယ်။ ပြီးခဲ့တဲ့ ရာသီကထက် ပိုကောင်းတဲ့ ပုံစံမျိုးကို ဖီအိုရင်တီးနားအသင်း ပြသနေပြီး အေစီမီလန်၊ လာဇီယိုတို့လို ထိပ်သီးတွေကိုတောင် အနိုင်ကစားခဲ့တယ်။ ရိုးမားက စီးရီးအေ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးနေတဲ့ အသင်းပါ။ ဖီအိုရင်တီးနား ဘက်က ရပ်တည်သင့်တယ်။