ကာလရှည်အနားယူရမည့် ရိုဒရီ၏နေရာကို မိမိဖြည့်နိုင်သည်ဟု မားသီးယပ်စ်နူးနက်စ် ကြုံးဝါး

ကာလရှည်အနားယူရမည့် ရိုဒရီ၏နေရာကို မိမိဖြည့်နိုင်သည်ဟု မားသီးယပ်စ်နူးနက်စ် ကြုံးဝါး
Photo: OneFootball
Photo: OneFootball
Published 26 September 2024

မန်စီးတီးကွင်းလယ်ကစားသမား မားသီးယပ်စ်နူးနက်စ်က ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်အနားယူရမည့် အသင်းဖော် ရိုဒရီ၏နေရာကို မိမိအစားဖြည့်ကစားနိုင်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်း၏ အဓိကကွင်းလယ်ကစားသမား ရိုဒရီသည် စက်တင်ဘာ (၂၂) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၂-၂) အာဆင်နယ်ပွဲစဉ်တွင် အာဆင်နယ်ကွင်းလယ်ကစားသမား  ပါတေးနှင့်ထိခိုက်မိပြီး ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ရိုဒရီသည် အဆိုပါဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေပြီး ယင်းမှာ မန်စီးတီးအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း အသင်းနည်း ပြ ဂွါဒီယိုလာက ဝန်ခံထားသည်။

ထို့ပြင် ဂွါဒီယိုလာက ရိုဒရီသည် အစားထိုးမရသည့်ကစားသမားဖြစ်ကြောင်းလည်း ပြောကြားထားသည်။

သို့သော် မန်စီးတီးကွင်းလယ်ကစားသမား မားသီးယပ်စ်နူးနက်စ်က ၎င်းအနေဖြင့် ရိုဒရီ၏ကွက်လပ်ကို ဖြည့်နိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မားသီးယပ်စ်နူးနက်စ်က ''ဝုလ်ဗ်မှာ တောင်ပံနဲ့ နံပါတ် (၁၀)နေရာမှာ ကျွန်တော်ကစားခဲ့ပေမဲ့ စပို့တင်းလစ္စဘွန်းမှာ ကွင်းလယ်အဖျက်နေရာမှာ ကစားခဲ့တာပါ။ ကျွန်တော် ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ခြေစွမ်းပြနေတဲ့ ကစားသမားကို ဆုံးရှုံးရတာဟာ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပေမဲ့ ကျွန်တော်တို့အနေနဲ့ အဲဒီနေရာကိုဖြည့်ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဟာလန်းနဲ့ ဒီဘရိုင်းနားတို့ဒဏ်ရာရတုန်းကလည်း ကျွန်တော်တို့ နိုင်ပွဲဆက်ခဲ့တာပါ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent