ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမနီလက်ရွေးစင် ကစားသမား ကင်မစ်ချ်အား ခေါ်ယူရန် ဘာစီလိုနာအသင်း ဆန္ဒရှိနေ

ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမနီလက်ရွေးစင် ကစားသမား ကင်မစ်ချ်အား ခေါ်ယူရန် ဘာစီလိုနာအသင်း ဆန္ဒရှိနေ
Photo: Getty Images
Photo: Getty Images
Published 4 May 2024

 

ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ စွယ်စုံရဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမား ကင်မစ်ချ်ကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

ကင်မစ်ချ် (၂၉ နှစ်)သည် ကွင်းလယ်နေရာစုံတွင် ကစားနိုင်သလို ယခုအခါ ဘိုင်ယန်မြူးနစ်အသင်း၌ ညာနောက်ခံကစားသမားအဖြစ် ကစားနေသူ ဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းနှင့်ချုပ်ဆိုထားသည့် ကင်မစ်ချ်၏လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ကင်မစ်ချ်ကို စာချုပ် သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း ကစားသမားကမူ နည်းပြသစ်ကို သိရပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်ဖွယ်ရှိကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် ကင်မစ်ချ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် ကင်မစ်ချ်အားခေါ်ယူရန် အဆင်မပြေပါက ဘက်တစ်ကွင်းလယ်ကစားသမား ဂီဒိုရိုဒရီဂွက်ဇ်ကို ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent