ဒီဘရိုင်းနားကို လာမည့်အနာဂတ်၌ မေဂျာလိဂ်တွင် မြင်တွေ့ရဖွယ်ရှိသည်ဟု ဘန်တီကီ သုံးသပ်ပြောကြား

ဒီဘရိုင်းနားကို လာမည့်အနာဂတ်၌ မေဂျာလိဂ်တွင် မြင်တွေ့ရဖွယ်ရှိသည်ဟု ဘန်တီကီ သုံးသပ်ပြောကြား
Photo : Getty Images
Photo : Getty Images
Published 22 April 2024

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘန်တီကီက မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားကို လာမည့်အနာဂတ်၌ မေဂျာလိဂ်တွင် မြင်တွေ့ရဖွယ်ရှိသည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဘန်တီကီသည် ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာ၊ လီဗာပူးလ်၊ ခရစ္စတယ်ပဲလေ့စ်တို့တွင် ကစားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဒီစီယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

၎င်းက ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဖော် ဒီဘရိုင်းနားအနေဖြင့်လည်း မေဂျာလိဂ်တွင် ကစားသမားဘဝကို အဆုံးသတ်ဖွယ်ရှိကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။ "သူက (၃၂)နှစ်ရှိပြီဖြစ်ပြီး ဥရောပမှာ နှစ်တွေအများကြီး ကစားခဲ့ပြီးပါပြီ။ သူ့ကို လော့စ်အင်ဂျလိစ်က အသင်းတစ်သင်းမှာ မြင်တွေ့ရနိုင်ပါတယ်"ဟု ဘန်တီကီက ပြောကြားခဲ့သည်။

ဒီဘရိုင်းနားသည် မန်စီးတီးအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ၎င်းကို ခေါ် ယူရန် မေဂျာလိဂ်မှ ကလပ်အသင်းများသာမက ဆော်ဒီလိဂ်မှ ကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဒီဘရိုင်းနားကမူ မန်စီးတီးအသင်းနှင့် သက်တမ်းတိုးပြီး အသက်(၃၅)နှစ်ဝန်းကျင်မှသာ လမ်းခွဲရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent