မိန်နူးကို လက်ရှိလစာ၏(၃)ဆနှုန်းထားဖြင့် သက်တမ်းတိုးရန် မန်ယူအသင်း သဘောတူညီမှုရရှိ

မိန်နူးကို လက်ရှိလစာ၏(၃)ဆနှုန်းထားဖြင့် သက်တမ်းတိုးရန် မန်ယူအသင်း သဘောတူညီမှုရရှိ
Photo: Goal.com
Photo: Goal.com
Published 11 March 2024

 

မန်ယူအသင်းသည် လူငယ်ကွင်းလယ်ကစားသမား မိန်နူးကို လက်ရှိလစာ၏ (၃)ဆနှုန်းထားဖြင့် သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း Metro က ဖော်ပြခဲ့သည်။ 

မိန်နူး၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်အထိဖြစ်ပြီး တစ်ပတ် ပေါင်(၂၀၀၀၀)ရရှိနေသည်။ မိန်နူးသည် ယခုရာသီတွင် မန်ယူအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် မန်ယူအသင်းက သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ 

စာချုပ်သစ်မှာ ၂၀၃၀ ခုနှစ်အထိဖြစ်ပြီး မိန် နူးအနေဖြင့် တစ်ပတ်ပေါင်(၆၀၀၀၀)အထိ တိုးမြင့်ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ခြေစွမ်းပြနေသည့် လူငယ်တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကိုလည်း သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။