ပြင်သစ်လီဂူး ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူး ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 6 April 2024

 

■ လန်းစ် နှင့် လူအယ်ဗာ (မြန်မာစံတော်ချိန် ည ၆း၃၀)

ဒီပွဲကလည်း လန်းစ်အသင်းရဲ့ ဥရောပဝင်ခွင့်တစ်နေရာအတွက် အရေးပါနေပါတယ်။ လူအယ်ဗာက တန်းဆင်းဇုန်အန္တ ရာယ်ကြောင့် ရုန်းကန်လာနိုင်ပေမယ့် အဝေးကွင်းမှာယှဉ်ဖို့ခက်မှာပါ။ လန်းစ်ပဲနိုင်ပွဲပြန်ယူပါလိမ့်မယ်။

■ PSG နှင့် ကလယ်မွန့်

ဇယားထိပ်ဆုံးက လက်ရှိချန်ပီယံ PSG နဲ့ ဇယားအောက်ဆုံးက ကလယ်မွန့်တို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဆိုပေမယ့် PSG အတွက်မထင်မှတ်ဘဲ ခက်ခဲသွားနိုင်တဲ့ပွဲမျိုးပါပဲ။ PSG က လက်ရှိမှာ ချန်ပီယံဆုအတွက် ဖိအားကြီးကြီးမားမားမရှိသလို၊ ချန်ပီယံလိဂ်လည်း ကစားရဖို့ရှိနေလို့ အခုလိုအိမ်ကွင်းပွဲမျိုးမှာ လူစုံထုတ်ပါ့မလား စောင့်ကြည့်ရပါမယ်။ ဒါ့ပြင် ကလယ်မွန့်အနေနဲ့ အစဉ်အလာအရ PSG ကို ယှဉ်နိုင်လေ့မရှိပေမယ့် နောက်ဆုံးတွေ့ဆုံမှု (၂)ကြိမ်ဆက်ရှုံးပွဲမရှိကစားနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီ PSG ကွင်းမှာလည်း အနိုင်ရအောင်ကစားခဲ့တာပါ။ ကလယ်မွန့်နဲ့ အရဲစွန့်ကြည့်ချင်တယ်။ 

■ PSG အသင်းသည် ပြင်သစ်လီဂူးအိမ်ကွင်းနောက်ဆုံး (၁၀)ပွဲ ဆက် ရှုံးပွဲမရှိခဲ့ဘဲ (၇)ပွဲနိုင်၊ (၃)ပွဲသရေရလဒ်ကိုရရှိခဲ့ကာ အဆိုပါ (၁၀)တွင်တစ်ပွဲပျမ်းမျှ (၂.၈) ဂိုးအထိသွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent