လီဗာပူးလ်အသင်းနှင့် သဘောတူညီမှုရရှိထားပြီဆိုခြင်းကို အမော်ရင်မ် ငြင်းဆန်

လီဗာပူးလ်အသင်းနှင့် သဘောတူညီမှုရရှိထားပြီဆိုခြင်းကို အမော်ရင်မ် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 12 April 2024

စပို့တင်းလစ္စဘွန်းအသင်း၏နည်းပြ အမော်ရင်မ်က လီဗာပူးလ်အသင်းနှင့် သဘောတူညီမှုရရှိထားပြီဆိုခြင်းကို မဟုတ်မှတ်ကြောင်း ငြင်းဆန်ခဲ့သည်။

လီဗာပူးလ်အသင်းသည် လာမည့်နွေရာသီတွင် လက်ရှိနည်းပြ ယာဂန်ကလော့ပ်နှင့် လမ်းခွဲမည်ဖြစ်၍ နည်းပြသစ်ရှာဖွေနေရာ စပို့တင်းလစ္စဘွန်းအသင်းမှ ပေါ်တူဂီနည်းပြ အမော်ရင်မ်ကို (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

သို့သော် အမော်ရင်မ်က ''ကျွန်တော် ဘယ်အသင်းနဲ့မှ အင်တာဗျူးမလုပ်ခဲ့သလို၊ ဘယ်အသင်းနဲ့မှလည်း သဘောတူညီမှု မရရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒါဟာ နောက်ဆုံးပြောဆိုခြင်းပါပဲ။ ကျွန်တော်တို့အားလုံးရဲ့ ဆန္ဒက စပို့တင်းအသင်းနဲ့အတူ ချန်ပီယံဆု ရယူဖို့ပါ။ ဒါကို ဘယ်အရာကမှ မပြောင်းလဲနိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။

စပို့တင်းလစ္စဘွန်းအသင်းသည် ယခုရာသီ ပေါ်တူဂီလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိရန် နီးစပ်နေသလို၊ ပေါ်တူဂီဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲသို့ ရောက်ရှိနေသည့်အတွက် အမော်ရင်မ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် အမော်ရင်မ်သည် လီဗာပူးလ်နည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေသည်။

Most Read

Most Recent