■  ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■  ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: EPA
Photo: EPA
Published 10 May 2024

■ လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက် 

အလာဗတ်စ် - ဂျီရိုနာ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်လည်းသေချာနေပြီဆိုတော့ ဂျီရိုနာတို့ လွတ်လပ်ပေါ့ပါးစွာ ကစားသွားတော့မယ့်ပုံပါပဲ။ အလာဗတ်စ်ကလည်း အလယ်အလတ်မှာ အမှတ်မလိုတော့တဲ့ အချိန်ဆိုတော့  ဖိအားမရှိတဲ့နှစ်သင်းရဲ့ အားပြိုင်ပွဲလို့ပဲဆိုရမယ်။ အစဉ်အလာအရတော့ ဂိုးနည်းသရေပဲ မှန်းထားရင် ကောင်းမယ်။  



■ စီးရီးအေပွဲစဉ် (၃၅)  ပွဲကြိုသုံးသပ်ချက် 

ဖရိုဆီနိုနီ - အင်တာမီလန် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၁၅ နာရီ)

ဖရိုဆီနိုနီက တန်းဆင်းအန္တရာယ်ရှိ အသင်းဖြစ်ပေမဲ့ နောက်ဆုံး (၆)ပွဲဆက် ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့တယ်။ သူတို့ရဲ့ ခံစစ်က စနစ်တကျရှိပြီး စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲ Clean Sheet ရယူနိုင်ခဲ့တယ်။ ချန်ပီယံ အင်တာမီလန်က အမှတ်လိုအပ်ချက်မရှိတော့သလို၊ ပွဲထွက်ကစားသမားပိုင်းမှာလည်း အပြောင်းအလဲတွေ လုပ်လာတယ်။ ဖရိုဆီနိုနီကို ကြိုက်တယ်။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၃)  ပွဲကြိုသုံးသပ်ချက် 

အော့စ်ဘတ် - စတုဂတ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် နံနက် ၁:၀၀ နာရီ)

စတုဂတ်အသင်းက ဘိုင်ယန်ကို အနိုင်ကစားလိုက်လို့ ဒုတိယနေရာကိုတောင် မျှော်လင့်လို့ရလာတယ်။ စတုဂတ်အသင်းဘက်ကပဲ ရပ်တည်တာပိုကောင်းမယ်။



■ ပြင်သစ်လီဂူးပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက်

နိုက်စ် - လူအယ်ဗာ (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ရက် နံနက် ၁:၃၀ နာရီ)

ဥရောပဝင်ခွင့်တစ်နေရာအတွက် အိမ်ကွင်းမှာ နိုက်စ်တို့ အမှားခံမယ်မထင်ပါဘူး။ ဒါပေမဲ့ လူအယ်ဗာကလည်း တန်းဆင်းဇုန်နားမှာရုန်းကန်နေရတဲ့အသင်းဖြစ်လို့ နိုက်စ်ကိုအခက်တွေ့စေဦးမှာပါ သေချာပါတယ်။ နိုက်စ် ကပ်နိုင်လောက်ပဲကစားလိမ့်မယ်။



ဘရက်စ် - Reims (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ရက် နံနက် ၁:၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာတည်မြဲရေးအတွက် ဘရက်စ်တို့ အမှားခံလို့မရတဲ့အခြေအနေပါ။ Reims ကတော့ ဖိအားမရှိတဲ့ အသင်းဖြစ်ပြီး အဝေးကွင်းမှာ ထိန်းထိန်းသိမ်းသိမ်းပဲကစားလာဖို့ များနေပါတယ်။ ဒီပွဲရဲ့အဓိကအဖြေဖြစ်လာမှာက ဘရက်စ်တိုက်စစ်ဂိုးရအောင်သွင်းနိုင်မလားဆိုတာပါပဲ။ အိမ်ကွင်းခြေစွမ်းမာကျောတဲ့ ဘရက်စ်ကိုပဲ ရွေးထားချင်တယ်။

Most Read

Most Recent