ဂွါဒီယိုလာသည် အလိမ်အညာစကားများပြောခဲ့ပြီး မန်စီးတီးအသင်းအနေဖြင့် မိမိအပေါ် ကျေးဇူးမသိခဲ့ဟု ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လို ပြောကြား

ဂွါဒီယိုလာသည် အလိမ်အညာစကားများပြောခဲ့ပြီး မန်စီးတီးအသင်းအနေဖြင့် မိမိအပေါ် ကျေးဇူးမသိခဲ့ဟု ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 March 2024

မန်စီးတီးအသင်းမှ ဘာစီလိုနာအသင်းထံ အငှားဖြင့် ပြောင်းရွှေ့ကစားနေသည့် ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လိုက နည်းပြ ဂွါဒီယိုလာအနေဖြင့်  အလိမ်အညာစကားများ ပြောခဲ့သလို၊ မန်စီးတီးအနေဖြင့်လည်း မိမိအပေါ် ကျေးဇူးမသိခဲ့ဟု ဆိုခဲ့သည်။

ကန်ဆယ်လို(၂၉ နှစ်)သည် မန်စီးတီးအသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေရာမှ နည်းပြ ဂွါဒီယိုလာနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ကာ ၂၀၂၃ ဇန်နဝါရီတွင် ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချခံခဲ့ရသည်။

ထို့နောက် ယခုရာသီတွင်လည်း ဘာစီလိုနာအသင်းထံ ထပ်မံအငှားချခံခဲ့ရခြင်းဖြစ်သည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းရှိနေဆဲဖြစ်သည့် ကန်ဆယ်လိုက ပေါ်တူဂီအားကစားမီဒီယာ A Bola နှင့် တွေ့ဆုံရာတွင် ရင်ဖွင့်ပြောကြားခဲ့ခြင်းဖြစ်သည်။

''သူက အလိမ်အညာစကားတွေ ပြောခဲ့တာပါ။ ကျွန်တော်က သူတို့အတွက် ဆိုးရွားတဲ့ အသင်းဖော်တစ်ယောက် မဟုတ်ဘူးဆိုတာ အကီနဲ့ ရီကိုလူးဝစ်တို့ကို မေးကြည့်နိုင်ပါတယ်။ သူတို့ကို  ချိုးနှိမ်မပြောခဲ့ပါဘူး။ ကျွန်တော်က အိမ်ဖောက်ထွင်းခံရပြီး နောက်တစ်နေ့မှာ မိန်းမနဲ့ သမီးကို အိမ်မှာထားခဲ့ပြီး အာဆင်နယ်နဲ့ပွဲကို ကစားခဲ့ပါတယ်။ အဲဒီနှစ်မှာ ကျွန်တော်က အလွန်အရေးပါတဲ့ကစားသမား ဖြစ်ခဲ့ပေမဲ့ မန်စီးတီးအသင်းက ကျေးဇူးမသိခဲ့ပါဘူး''  ဟု ပြောကြားခဲ့သည်။

Most Read

Most Recent