မန်ယူနှင့်ပွဲအပြီး လီဗာပူးလ်နည်းပြ ကလော့ပ်၏တုံ့ပြန်မှုအပေါ် ဒိန်းမတ်သတင်းထောက် ကာကွယ်

မန်ယူနှင့်ပွဲအပြီး လီဗာပူးလ်နည်းပြ ကလော့ပ်၏တုံ့ပြန်မှုအပေါ် ဒိန်းမတ်သတင်းထောက် ကာကွယ်
Photo: Daily Mail
Photo: Daily Mail
Published 20 March 2024

 

မန်ယူအသင်းအား (၃-၄)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် FA ဖလား ကွာတားဖိုင်နယ်ပွဲအပြီး လီဗာပူးလ်အသင်းနည်းပြ၏ တုံ့ပြန်မှုအပေါ် အင်တာဗျူးမေးခဲ့သည့် ဒိန်းမတ်ရုပ်သံ Viaplay ၏သတင်းထောက် ဖရက်ဒရစ်ဆင်က ကလော့ပ်အနေဖြင့် ယင်းကဲ့သို့ ပြောကြားခြင်းမရှိခဲ့ကြောင်း ကာကွယ်ခဲ့သည်။

အချိန်ပိုတွင် ကစားအားကျသွားခြင်းအတွက် မေးမြန်းမှုအပေါ် ယာဂန်ကလော့ပ်က "ဒါက နည်းနည်းမိုက်မဲတဲ့ မေးခွန်းတစ်ခုပါ။ ကျွန်တော်တို့ပွဲတွေကို မကြာခဏကြည့်ဖြစ်တယ်ဆိုရင် တခြားအချိန်တွေမှာလည်း ဘာကြောင့် စွမ်းအင်တွေ အရမ်းများနေရတာလဲလို့ မေးသင့်တယ်။ မကြာသေးခင်မှာ ကျွန်တော်တို့က ပွဲဘယ်လောက်များများကစားထားရလဲ၊ ယူနိုက်တက်က ဘယ်လောက်ကစားထားရလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါက အားကစားပါ။ ဒီမေးခွန်းကို ကျွန်တော် တကယ်စိတ်ပျက်မိတယ်။ ဒါပေမဲ့ ခင်ဗျားကတော့ အရမ်းကောင်းတယ်လို့ ထင်နေတယ်။ ပွဲတွေအရမ်းများနေတာကြောင့်လို့ ခင်ဗျား မထင်ဘူးလား။ လုပ်စမ်းပါ။ ခင်ဗျားရဲ့ပုံစံက အဆင်ပြေမနေဘူး။ ခင်ဗျားကို ကျွန်တော် မနှောင့်ယှက်တော့ဘူး" ဟု ဆိုကာ ထွက်သွားခြင်းဖြစ်သည်။ 

ယင်းဖြစ်စဉ်အပေါ် ဒိန်းမတ်သတင်းထောက် ဖရက်ဒရစ်ဆင်က ဒိန်းမတ်မီဒီယာ Tipsbladed နှင့် အင်တာဗျူးတွင် ကလော့ပ်သည် ယင်းကဲ့သို့ လူမျိုး မဟုတ်ကြောင်း၊ နားလည်မှုလွဲမှားသွားသည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း ဖြေရှင်းချက်ပေးခဲ့သည်။ ဖရက်ဒရစ်ဆင်သည် ကလော့ပ် ဂျာမနီတွင် မိန့်ဇ်၊ ဒေါ့မွန်အသင်းများကို ကိုင်တွယ်စဉ်ကတည်းက အင်တာဗျူးများစွာ ပြုလုပ်ခဲ့ဖူးသူဖြစ်သည်။

Most Read

Most Recent