အသင်းတွင် ဆက်ရှိခဲ့ခြင်းအတွက် ကယ်လေဟာ ပျော်ရွှင်နေလိမ့်မည်ဟု ကလော့ပ် ဆို

အသင်းတွင် ဆက်ရှိခဲ့ခြင်းအတွက် ကယ်လေဟာ ပျော်ရွှင်နေလိမ့်မည်ဟု ကလော့ပ် ဆို
Photo: Anything Liverpool
Photo: Anything Liverpool
Published 4 March 2024

လီဗာပူးလ်အသင်း၏နည်းပြ ယာဂန်ကလော့ပ်က အသင်းတွင် ဆက်ရှိနေခဲ့ခြင်းအတွက် ဂိုးသမား ကယ်လေဟာ ပျော်ရွှင်နေလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အိုင်ယာလန်လက်ရွေးစင်ဂိုးသမား ကယ်လေဟာ(၂၅ နှစ်) သည် လီဗာပူးလ်အသင်း၌ နေရာမရခြင်းကြောင့် ပြီးခဲ့သည့်နှစ်တွင် လမ်းခွဲရန်စီစဉ်ခဲ့သော်လည်း ယာဂန်ကလော့ပ်၏ ဖျောင်းဖျမှုကြောင့် ဆက်ရှိခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပထမဂိုးသမား အယ်လစ်ဆန် ဒဏ်ရာရနေသောကြောင့် ကယ်လေဟာ ကစားခွင့်ရနေပြီဖြစ်သည်။

ယင်းအတွက် ယာဂန်ကလော့ပ်က ''အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ခြင်းအတွက် သူ ပျော်ရွှင်နေလိမ့်မယ်လို့ ထင်ပါတယ်။ လီဗာပူးလ်လိုအသင်းမှာ ပထမဂိုးသမားနဲ့ ဒုတိယဂိုးသမားကြား ခြားနားချက်သိပ်မရှိပါဘူး''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent