၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လစာပေးချေမှုနှင့် ဝင်ငွေရရှိမှုအချိုး အမြင့်ဆုံးစာရင်းတွင် တန်းဆင်းခဲ့ရသည့်လက်စတာအသင်းက ၁၁၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး စပါးအသင်း ၄၆ ရာခိုင်နှုန်းဖြင့် အနည်းဆုံးမှတ်တမ်းဝင်

၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လစာပေးချေမှုနှင့် ဝင်ငွေရရှိမှုအချိုး အမြင့်ဆုံးစာရင်းတွင် တန်းဆင်းခဲ့ရသည့်လက်စတာအသင်းက ၁၁၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး စပါးအသင်း ၄၆ ရာခိုင်နှုန်းဖြင့် အနည်းဆုံးမှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 10 April 2024

၂၀၂၂-၂၀၂၃ ရာသီ ပရီးမီး ယားလိဂ်ပြိုင်ပွဲ၏ လစာပေးချေမှုနှင့် ဝင်ငွေရရှိမှုအချိုး အမြင့်ဆုံးစာရင်း တွင် တန်းဆင်းခဲ့ရသည့် လက်စတာ အသင်းက ၁၁၆ ရာခိုင်နှုန်းဖြင့် ထိပ် ဆုံးမှ ရပ်တည်ခဲ့ပြီး စပါးအသင်းက ၄၆ ရာခိုင်နှုန်းဖြင့် အနည်းဆုံးမှတ် တမ်းဝင်ခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ရာသီ ပရီးမီး ယားလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကလပ်အသင်းများ၏ ဘဏ္ဍာရေး ရှင်းတမ်းအပေါ်မူတည်၍ ဗြိတိန် အခြေစိုက် ကမ္ဘာကျော် Deloitte စာရင်းအင်းကုမ္ပဏီက လစာပေးချေ မှုနှင့် ဝင်ငွေရရှိမှုအချိုးစာရင်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုစာရင်းအရ ပြီးခဲ့သည့်ရာသီကုန်တွင် တန်းဆင်း ခဲ့ရသည့် လက်စတာအသင်းက လစာပေးချေမှုနှင့် ဝင်ငွေရရှိမှုအချိုး ၁၁၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ကြောင်း သိရသည်။

    

သို့ဖြစ်ရာ လက်စတာအသင်း အနေဖြင့် ဝင်ငွေတစ်ပေါင်ရရှိလျှင် လစာပေးချေမှုအသုံးစရိတ် ၁ ဒသမ ၁၆ ပေါင် အသုံးပြုခဲ့ခြင်းဖြစ်သည်။ လက်စတာအသင်းသည် ၂၀၂၁-၂၀၂၂ ရာသီတွင် လစာပေးချေမှု အတွက် ပေါင် ၁၈၂ သန်းအသုံးပြုခဲ့ ပြီး ၂၀၂၂-၂၀၂၃ ရာသီတွင် ပေါင် ၂၀၅ ဒသမ ၈ သန်းသို့ မြင့်တက်လာ သလို လစာပေးချေမှုနှင့် ဝင်ငွေရရှိမှု အချိုးမှာလည်း ၈၅ ရာခိုင်နှုန်းမှ ၁၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာ ခဲ့သည်။ 

    

ပြီးခဲ့သည့်ရာသီက ပရီးမီးယား လိဂ်ပြိုင်ပွဲ၏ အမြတ်အစွန်းနှင့် ရေ ရှည်တည်တံ့မှုစည်းမျဉ်း (PSR) ချိုး ဖောက်မှုကြောင့် ယခုရာသီတွင် ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထား ရသည့် နော်တင်ဟမ်အသင်းနှင့် အဲဗာတန်အသင်းက ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ လေးမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံ ထားရသည့် နော်တင်ဟမ်အသင်းက လစာပေးချေမှုနှင့် ဝင်ငွေရရှိမှုအချိုး ၉၄ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ၁၀ မှတ် လျှော့ပြစ်ဒဏ်မှ ခြောက်မှတ်သို့ လျှော့ချပေးထားသည့် အဲဗာတန် အသင်းက ၉၂ ရာခိုင်နှုန်းဖြင့် တတိယ နေရာ ရပ်တည်ခဲ့ကြောင်း သိရ သည်။

    

၎င်းင်းတို့၏နောက်တွင် ဗီလာ အသင်းက ၈၉ ရာခိုင်နှုန်း၊ ဆောက် သမ်တန်အသင်းက ၈၄ ရာခိုင်နှုန်း၊ ဝုလ်ဗ်အသင်းက ၈၄ ရာခိုင်နှုန်း၊ ချယ်လ်ဆီးအသင်းက ၇၉ ရာခိုင်နှုန်း၊ ပဲလေ့စ်အသင်း (၂၀၂၁-၂၀၂၂ ရာသီဖြင့် တွက်ချက်ထား) က ၇၇ ရာခိုင်နှုန်း၊ နယူးကာဆယ်အသင်း က ၇၅ ရာခိုင်နှုန်း၊ ဘန်လေအသင်း (၂၀၂၁-၂၀၂၂ ရာသီဖြင့် တွက်ချက် ထား) က ၇၅ ရာခိုင်နှုန်း၊ ဘုန်းမောက် အသင်းက ၇၁ ရာခိုင်နှုန်း၊ လိဒ်စ် အသင်း (၂၀၂၁-၂၀၂၂ ရာသီဖြင့် တွက်ချက်ထား) က ၆၄ ရာခိုင်နှုန်း၊ လီဗာပူးလ်အသင်းက ၆၃ ရာခိုင် နှုန်း၊ ဘရိုက်တန်အသင်းက ၆၂ ရာ ခိုင်နှုန်း၊ ဘရန့်ဖို့ဒ်အသင်းက ၅၉ ရာခိုင်နှုန်း၊ မန်စီးတီးအသင်းက ၅၉ ရာခိုင်နှုန်း၊ ဝက်စ်ဟမ်းအသင်းက ၅၈ ရာခိုင်နှုန်း၊ မန်ယူအသင်းက ၅၁ ရာခိုင်နှုန်း၊အာဆင်နယ်အသင်းက ၅၁ ရာခိုင်နှုန်း၊ စပါးအသင်းက ၄၆ ရာခိုင်နှုန်းဖြင့် အစဉ်လိုက်ရပ်တည် ခဲ့သည်။

Most Read

Most Recent