သမိုင်းဝင်အောင်ပွဲအတွက် (၉)မှတ်အလို...

သမိုင်းဝင်အောင်ပွဲအတွက် (၉)မှတ်အလို...
Photos: Getty Images
Photos: Getty Images
Published 24 April 2024
Zay Yar Htun

ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဂျီရိုနာက ကာဒစ်ဇ်ကို (၄-၁)ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ ဒီနိုင်ပွဲကြောင့် ဂျီရိုနာအသင်းဟာ အဆင့်(၂)နေရာက ဘာစီလိုနာကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ဥရောပဝင်ခွင့်တစ်နေရာ သေချာသွားခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ မျှော်လင့်ချက်က ဒီလောက်နဲ့ ရပ်တန့်နေဦးမှာ မဟုတ်ဘူး။ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအဖြစ်  ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်ဦးမှာ။ လက်ရှိအချိန်မှာ အဆင့် (၅)နေရာက ဘီလ်ဘာအိုကို ဂျီရိုနာအသင်းအနေနဲ့ (၁၀)မှတ်အထိဖြတ်ထားနိုင်ခဲ့တာကြောင့်လည်း သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်က တောက်ပနေပြီလို့ ဆိုရပါမယ်။ လက်ကျန် (၆)ပွဲမှာ (၉)မှတ်ရယူနိုင်တာ နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်လက်မှတ်ကို ဂျီရိုနာအသင်း ရယူနိုင်မှာပါ။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ချန်ပီယံ ဖြစ်ခဲ့ရင် စည်းမျဉ်းသစ်အရ လာမယ့်ရာသီ စပိန်ကလပ်(၅)သင်းအထိ ဥရောပဝင်ခွင့် ရရှိမှာဖြစ်တာကြောင့်လည်း ဂျီရိုနာအတွက် ပိုမိုအခွင့်အရေးရှိနေတယ်လို့ ဆိုရမှာပါ။

 

Most Read

Most Recent