တားမြစ်ဆေးသုံးစွဲမှုကြောင့် (၄) နှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ပေါ့ဘာအား အကြောင်းစုံဖွင့်ပြောရန် မန်ယူဂန္ထဝင် ရီယိုဖာဒီနန် ပြောကြား

တားမြစ်ဆေးသုံးစွဲမှုကြောင့် (၄) နှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ပေါ့ဘာအား အကြောင်းစုံဖွင့်ပြောရန် မန်ယူဂန္ထဝင် ရီယိုဖာဒီနန် ပြောကြား
Photo: The sun
Photo: The sun
Published 7 March 2024

မန်ယူဂန္ထဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဘာအား တားမြစ်ဆေးသုံးစွဲမှုကြောင့် (၄) နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး အကြောင်းစုံကိုဖွင့်ပြောရန် တိုက်တွန်းပြောကြားခဲ့သည်။

မန်ယူနှင့် အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်သည် ၂၀၀၃ ခုနှစ်တွင် တားမြစ်ဆေးစစ်ဆေးခံရန် ပျက်ကွက်မှုကြောင့် (၈) လပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရသူဖြစ်သည်။

ယခုအခါ ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဘာသည် ကစားသမားများ၏ခံနိုင်ရည်အားနှင့် စွမ်းအားကို မြှင့်တင်ပေးသည့် တားမြစ်ဆေးကို သုံးစွဲခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီ (၂၉)ရက်တွင် (၄) နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

ဖာဒီနန်က ''ပထမဆုံးအနေနဲ့ ပေါ့ဘာရဲ့ကိစ္စနဲ့ ပတ်သက်လို့ နောက်ကွယ်အကြောင်းတွေကို အသေးစိတ်သိဖို့လိုပါတယ်။ မီဒီယာတွေကတော့ တားမြစ်ဆေး သုံးတယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့ ဖော်ပြနေကြပေမဲ့ ဒီကိစ္စမှာ အသေးစိတ်သိဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ပေါ့ဘာသာ ဆန္ဒရှိမယ်ဆိုရင် သူနဲ့ စကားပြောဖို့ အသင့်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အဲဒီလိုဖြစ်ခဲ့ဖူးလို့ပါ။ အခုပြဿနာနဲ့ ပတ်သက်ပြီး ပေါ့ဘာကိုယ်တိုင် အသေးစိတ်ဖွင့်ပြောတာမျိုးကို လိုချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent