အီဒါဆန်ကို လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးရန် မန်စီးတီး စီစဉ်နေ

အီဒါဆန်ကို လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးရန် မန်စီးတီး စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 18 March 2024

မန်စီးတီးအသင်းသည် ဘရာဇီးလ်ဂိုးသမား အီဒါဆန်ကို လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

အီဒါဆန်(၃၀ နှစ်)သည် မန်စီးတီးအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိအချိန်၌ တစ်ပတ်လျှင် ပေါင်(၁၂၀၀၀၀)ရရှိနေသည်။

မန်စီးတီးအသင်းက ၎င်းကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုသည့်အတွက် တစ်ပတ် ပေါင်(၂၀၀၀၀၀)အထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အီဒါဆန်သည် ၂၀၁၇ ခုနှစ်ကတည်းက မန်စီးတီးအသင်း၏ အမာခံကစားသမားအဖြစ် ရပ်တည်ကာ လက်စွမ်းပြနေသူဖြစ်ပြီး ယခုရာသီတွင် Clean Sheet (၁၂)ပွဲ ရရှိထားကြောင်း သိရသည်။

 

Most Read

Most Recent