FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို ဧပြီ ၂၆ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး  ထိပ်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်းနှင့် ရွိုင်ရယ်ရန်ကုန်အသင်းတွေ့ဆုံ

FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို ဧပြီ ၂၆ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး  ထိပ်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်းနှင့် ရွိုင်ရယ်ရန်ကုန်အသင်းတွေ့ဆုံ
Photo: RUFC
Photo: RUFC
Published 22 April 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူးပေါင်းကျင်းပနေသည့် FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို ဧပြီ ၂၆ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ပြန်လည်စတင်မည့် ပွဲစဉ်(၁၂) တွင် ထိပ်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်းနှင့် ရွိုင်ရယ်ရန်ကုန်အသင်းတွေ့ဆုံနေကြောင်း သိရသည်။

FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ကို ဧပြီ ၂၆ ရက်မှ ဇူလိုင် ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပွဲစဉ်(၁၂) ကို ဧပြီ ၂၆၊ ၂၇၊ ၂၈ ရက်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဧပြီ ၂၆ ရက်တွင် မအူပင်အသင်းနှင့် စီးတီးရွှေပြည်သာအသင်း၊ Burmese Youth အသင်းနှင့် ဆုလာဘ်မြင့်မိုရ်အသင်း၊  ဧပြီ ၂၇ ရက်တွင် အင်းစိန်စီးတီးအသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်း၊ နေပြည်တော်ယူနိုက်တက်အသင်းနှင့် အာသာဝတီအသင်း၊ ဧပြီ၂၈ ရက်တွင် ရှမ်းအသင်းနှင့် ဖာစည်မြေအသင်း၊  ရွိုင်ရယ်ရန်ကုန်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲပထမအကျော့(ပွဲစဉ် ၁၁) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက ၁၁ ပွဲကစား၊ ၁၀ ပွဲနိုင်၊ တစ်ပွဲ သရေ၊ ရှုံးပွဲမရှိဘဲ ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေလျက်ရှိသည်။

ရခိုင်ယူနိုက်တက်အသင်း၏နောက်တွင် ၊ ရှမ်းအသင်းက ၁၁ ပွဲကစား၊ ရှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် ၂၅ မှတ်ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင်လည်းကောင်း၊ နေပြည်တော်ယူနိုက်တက်အသင်းက ၁၁ ပွဲကစား၊ ရှစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားတတိယနေရာတွင်လည်းကောင်း၊ ဆုလာဘ်မြင့်မိုရ်အသင်းက ၁၁ ပွဲကစား၊ ခြောက်ပွဲနိုင်၊ တစ်ပွဲ သရေ၊ လေးပွဲရှုံး၊ ရမှတ် ၁၉ မှတ်ဖြင့် အမှတ်ပေးဇယား စတုတ္ထနေရာတွင်လည်းကောင်း၊  ရွိုင်ရယ်ရန်ကုန်အသင်းက ၁၁ ပွဲ ကစား၊ ငါးပွဲနိုင်၊ တစ်ပွဲသရေ၊ လေးပွဲရှုံး၊ ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၅ နေရာတွင်လည်းကောင်း ရပ်တည်လျက်ရှိသည်။

ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၏ အစီအစဉ်ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်နေသည်။

ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပနေပြီး အမှတ်ပေးဇယားထိပ်ဆုံးရပ်တည်နိုင်မည့်အသင်းမှာ ချန်ပီယံဆုဖလားရရှိမည်ဖြစ်သည်။

 

Most Read

Most Recent