ဘယ်နောက်ခံလူနှစ်ဦးစလုံး ရာသီကုန်အထိ မကစားနိုင်သည့် အခြေအနေအတွက် ဆေးအဖွဲ့ကို မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် ဝေဖန်

ဘယ်နောက်ခံလူနှစ်ဦးစလုံး ရာသီကုန်အထိ မကစားနိုင်သည့် အခြေအနေအတွက် ဆေးအဖွဲ့ကို မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် ဝေဖန်
Photo: Daily Mail
Photo: Daily Mail
Published 10 March 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် သည် ဘယ်နောက်ခံလူ လုခ်ရှောနှင့် မာလာစီယာတို့နှစ်ဦးစလုံး ရာသီကုန်အထိ မကစားနိုင်သည့်အခြေအနေအတွက် ဆေးအဖွဲ့၏ အကြံပြုချက်ကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

နယ်သာလန်လက်ရွေးစင် ကစားသမား မာလာစီယာ (၂၄ နှစ်) မှာ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း UEFA Nations League ပြိုင်ပွဲ ယှဉ်ပြိုင်ကစားစဉ် ဒူးဒဏ်ရာရရှိခဲ့သဖြင့် ကာလရှည်အနားယူနေရပြီး တစ်ရာသီလုံး အနားယူရဖွယ်ရှိနေသည်။ 

အင်္ဂလန်လက်ရွေးစင်ကစားသမား လုခ်ရှော (၂၈ နှစ်) မှာလည်း ဖေဖော်ဝါရီလအတွင်း လူတန်အသင်းနှင့် ကစားသည့်ပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့သောကြောင့် ရာသီကုန်အထိ ပြန်ကစားနိုင်ဖွယ်မရှိကြောင်း သိရသည်။ 

မန်ယူအသင်းသည် နွေရာသီတွင် စပါးအသင်းမှ ရယ်ဂီလွန်ကို အငှားဖြင့်ခေါ်ယူခဲ့သော်လည်း ဆေးအဖွဲ့၏ အကြံပြုချက်အရ ဇန်နဝါရီတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ အဲရစ်တန်ဟက်ဂ်က "ကျွန်တော်တို့က စိတ်ပျက်စရာအကောင်းဆုံးတွေထဲက တစ်ခုအကြောင်း ပြောနေကြတာပါ။ နေရာတစ်ခုအတွက် ကစားသမားတစ်ယောက်မှမရှိတာကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားနှစ်ဦး တစ်ရာသီလုံးမကစားနိုင်တာကတော့ စိတ်ပျက်စရာ အရမ်းကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက အသင်းလိုက်အနေနဲ့ ထိန်းသိမ်းနိုင်ဖို့ အရမ်းခက်ခဲလို့ပါ။ ကျွန်တော်တို့ အဲဒါကို အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းသွားမှာပါ။ ဒါပေမဲ့ အဲဒါက အားနည်းချက် တစ်ခုဖြစ်စေပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent