ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရမည့်ရာသီဖြစ်လာခဲ့ပြီး အာဆင်နယ်၏ ချန်ပီယံဖြစ်နိုင်ခြေ မြင့်တက်

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရမည့်ရာသီဖြစ်လာခဲ့ပြီး အာဆင်နယ်၏ ချန်ပီယံဖြစ်နိုင်ခြေ မြင့်တက်
Photo : AFP
Photo : AFP
Published 13 May 2024

အာဆင်နယ်အသင်းသည် မန်ယူအသင်းအား အနိုင်ယူပြီး မန်စီးတီးအသင်းထက် တစ်ပွဲပိုကစား၊ တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့သည့်အတွက် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုမှာ နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရမည့်အခြေအနေဖြစ်လာခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ကြားရက်တွင် ယှဉ်ပြိုင်ကစားရမည့် စပါးအသင်းနှင့်ပွဲ၌ အနိုင်ရရှိခဲ့လျှင်ပင် လက်ကျန်တစ်ပွဲအလိုတွင် အာဆင်နယ်အသင်းကို နှစ်မှတ်သာ ဖြတ်နိုင်မည်ဖြစ်သောကြောင့် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူရရန် သေချာသွားခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် အာဆင်နယ်အသင်းက အဲဗာတန်၊ မန်စီးတီးအသင်းက ဝက်စ်ဟမ်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နှစ်သင်းစလုံး အိမ်ကွင်းပွဲစဉ်များ ကစားရမည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် လက်ကျန်တစ်ပွဲအလိုတွင် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သည့်အတွက် ချန်ပီယံဖြစ်နိုင်ခြေအလားအလာလည်း (၄၁.၃%)အထိ မြင့်တက်လာခဲ့သည်။ အဆိုပါနှုန်းထားမှာ အာဆင်နယ်အတွက် ယခုရာသီအတွင်း အမြင့်ဆုံးနှုန်းထားဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent