လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနဲ့ ဒီဇယ်ဘီအတွက် တစ်နေရာရာ

လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနဲ့ ဒီဇယ်ဘီအတွက် တစ်နေရာရာ
Photo : X
Photo : X
Published 4 April 2024
Wai Yan Aung

လေဗာကူဆင်နည်းပြ ရှာဘီအလွန်ဆို လက်ရှိအသင်းမှာပဲ နောက်ရာသီ ဆက်နေတော့ မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ဘောလုံးလောကရဲ့ နေရာအတော်များများ၊ လူအတော်များများအပေါ် သက်ရောက်မှုရှိသွားခဲ့တယ်လို့ ကောက်ချက်ချမယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လေဗာကူဆင်အသင်းကို အံ့အားသင့်ဖွယ် ရလဒ်တွေနဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆုရရှိဖို့ သေချာသလောက်ဖြစ်အောင် စွမ်းဆောင်ပေးထားတဲ့ အလွန်ဆိုကို ထိပ်သီးအသင်းများစွာက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ထားခဲ့တာကြောင့်ပါပဲ။ ဒါ့အပြင် အလွန်ဆို လေဗာကူဆင်အသင်းမှာ ဆက်နေမယ်လို့ မကြေညာရသေးခင်မှာ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာအသင်းတွေရဲ့ လက်ရှိနည်းပြတွေက ရာသီကုန်ရင် လမ်းခွဲတော့မယ်လို့ ကြေညာခဲ့ကြပါတယ်။

 

Most Read

Most Recent