■ အာဆင်နယ်နှင့်ပွဲတွင် ဟာလန်းသည် League Two မှ ကစားသမားတစ်ဦးလိုသာ စွမ်းဆောင်နိုင်ခဲ့သည်ဟု ရွိုင်ကင်း ဝေဖန်

■ အာဆင်နယ်နှင့်ပွဲတွင် ဟာလန်းသည် League Two မှ ကစားသမားတစ်ဦးလိုသာ စွမ်းဆောင်နိုင်ခဲ့သည်ဟု ရွိုင်ကင်း ဝေဖန်
Photo: AFP
Photo: AFP
Published 2 April 2024

မန်ယူအသင်း၏ကစားသမားဟောင်း ရွိုင်ကင်းက မန်စီးတီးတိုက်စစ်မှူး ဟာလန်းသည် အာဆင်နယ်နှင့်ပွဲတွင် League Two မှ ကစားသမားတစ်ဦးလိုသာ စွမ်းဆောင်နိုင်ခဲ့သည်ဟု ဝေဖန်ပြစ်တင်ခဲ့သည်။

မန်စီးတီးအသင်းသည် အိမ်ကွင်း၌ လက်ခံကစားရသည့် ယင်းပွဲတွင် အာဆင်နယ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းခွင့်အနည်းငယ်သာ ရရှိခဲ့သလို၊ ဟာလန်းမှာလည်း အာဆင်နယ်နောက်ခံလူ ဆာလီဘာနှင့် ဂါဘရီယဲလ်တို့၏ ထိန်းချုပ်မှုအောက်တွင်သာ ကျရောက်ခဲ့သည်။

ထို့ကြောင့် ရွိုင်ကင်းက ဟာလန်းသည်  အင်္ဂလန် League Two ပြိုင်ပွဲမှ တိုက်စစ်မှူးတစ်ဦး၏ခြေစွမ်းမျိုးသာ ရှိခဲ့သည်ဟု ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

''သူ့ရဲ့ ကစားပုံက အရမ်းကို ညံ့ဖျင်းပါတယ်။ ဒါဟာ ဒီနေ့တစ်နေ့တည်းကို ပြောတာမဟုတ်ပါဘူး။ သူက ဂိုးပေါက်ရှေ့မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်လို့ သတ်မှတ်ခံထားရပေမဲ့ သူ့ရဲ့ကစားပုံက တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ သူက League Two ပြိုင်ပွဲက ကစားသမားတစ်ယောက်လိုမျိုးပဲ မြင်တွေ့နေရပါတယ်''ဟု ရွိုင်ကင်းက ပြောကြားခဲ့သည်။

ဟာလန်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆု ရရှိခဲ့သလို၊ လက်ရှိရာသီ၌ (၁၈)ဂိုးသွင်းယူကာ ဦးဆောင်နေသော်လည်း ရရှိသည့်အခွင့်အရေးများအား ဂိုးအဖြစ် ပြောင်းလဲရာတွင် အားနည်းသည့်အတွက် ဝေဖန်ပြစ် တင်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

 

Most Read

Most Recent