မိမိ၏ Bicycle Kick က ရွန်နီထက် ပိုကောင်းသည်ဟု ဂါနာချို ဆို

မိမိ၏ Bicycle Kick က ရွန်နီထက် ပိုကောင်းသည်ဟု ဂါနာချို ဆို
Photo: Centredevils
Photo: Centredevils
Published 4 March 2024

မန်ယူအသင်း၏ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုက အဲဗာတန်နှင့်ပွဲတွင် မိမိသွင်းယူခဲ့သော Bicycle Kick သွင်းဂိုးမှာ ၂၀၁၃ ခုနှစ်က မန်စီးတီးနှင့်ပွဲတွင် ၀ိန်းရွန်နီ သွင်းယူခဲ့သောဂိုးထက် ပိုကောင်းသည်ဟုထင်မိကြောင်း ပြောကြားခဲ့သည်။

မန်ချက်စတာဒါဘီပွဲအတွက် ပြုလုပ်ခဲ့သည့် ရုပ်သံအစီအစဉ်တွင် Sky Sports က ယင်းနှစ်ဂိုးကို နှိုင်းယှဉ်မေးမြန်းခဲ့ရာ ''ရွန်နီရဲ့ဂိုးက မန်ချက်စတာဒါဘီမှာ သွင်းယူခဲ့တာဖြစ်လို့ ပိုအရေးပါတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်းအရဆိုရင် ကျွန်တော့်ဂိုးက ပိုကောင်းပါလိမ့်မယ်''ဟု ဂါနာချိုက ပြောကြားခဲ့သည်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်နှင့် ၀ိန်းရွန်နီကိုယ်တိုင်ကလည်း ဂါနာချို၏ဂိုး ပိုကောင်းသည်ဟု မှတ်ချက်ပေးခဲ့ဖူးသည်။

Most Read

Most Recent