ထိုင်း FA Cup ပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် မြန်မာတိုက်စစ်မှူး သန်းပိုင် ဂိုးသွင်းယူခဲ့ပြီး ကွာတားအဆင့်သို့ မောင်မောင်လွင်၏ လမ်ဖွန်အသင်း တက်ရောက်

ထိုင်း FA Cup ပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် မြန်မာတိုက်စစ်မှူး သန်းပိုင် ဂိုးသွင်းယူခဲ့ပြီး ကွာတားအဆင့်သို့ မောင်မောင်လွင်၏ လမ်ဖွန်အသင်း တက်ရောက်
Photo: CUFC
Photo: CUFC
Published 4 March 2024

၂၀၂၃ - ၂၀၂၄ ရာသီ ထိုင်း FA Cup ပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် မြန်မာတိုက်စစ်မှူး သန်းပိုင် ဂိုးသွင်းယူခဲ့ပြီး ကွာတားအဆင့်သို့ မြန်မာတောင်ပံကစားသမား မောင်မောင်လွင်၏ လမ်ဖွန်အသင်းတို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုရာသီ ထိုင်း FA Cup ပြိုင်ပွဲ ၁၆ သင်းအဆင့်တွင်  မြန်မာတိုက်စစ်မှူး သန်းပိုင်၏ ချင်းမိုင်ယူနိုက်တက်အသင်း၊ တောင်ပံကစားသမား မောင်မောင်လွင်၏ လမ်ဖွန်အသင်း၊ နောက်ခံလူ ဇော်မင်းထွန်း၏   နာခွန်ပသွမ်ယူနိုက်တက်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်း ၁၆ သင်းအဆင့်တွင် တိုက်စစ်မှူး သန်းပိုင်၏ ချင်းမိုင်ယူနိုက်တက်အသင်းသည် ဆာမတ်ဆာခွန်အသင်းနှင့်အချိန်ပိုပြီးဆုံးသည်အထိ (၂-၂) ဂိုးဖြင့် သရေကျခခဲ့သည်။

ထို့ကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ သန်းပိုင်၏ ချင်းမိုင်ယူနိုက်တက်အသင်းမှာ(၄-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ကွာတားအဆင့်သို့ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းပွဲတွင် သန်းပိုင်မှာ ချင်းမိုင်ယူနိုက်တက်အသင်း၌ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပွဲကစာချိန် ၇၃ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို ဂိုးဧရိယာထဲမှနေ၍ အနီးကပ်ပိတ်သွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းပိုင်သည် ယခုရာသီတွင် ချင်းမိုင်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၄ ဂိုးသွင်းယူပေးထားနိုင်ကြောင်း သိရသည်။

မြန်မာတောင်ပံကစားသမား မောင်မောင်လွင်၏ လမ်ဖွန်အသင်းသည် ပရာချွတ်အသင်းနှင့် အချိန်ပိုပြီးဆုံးသည်အထိ(၁-၁) ဂိုးဖြင့် သရေကျနေခဲ့သည်။

ထို့ ကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ မောင်မောင်လွင်၏ လမ်ဖွန်အသင်းက (၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနောက်ခံလူ ဇော်မင်းထွန်း၏   နာခွန်ပသွမ်ယူနိုက်တက်အသင်းသည် ချောင်ဘူရီအသင်းကို(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ကွာတားအဆင့်သို့ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ - ၂၀၂၄ ရာသီ ထိုင်း FA Cup ပြိုင်ပွဲ ကွာတားအဆင့်အတွက် ပွဲစဉ်များမဲနှိုက်ရေးဆွဲခြင်းကို မတ် ၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုင်းလိဂ်များတွင် ကစားနေသည့် မြန်မာကစားသမားများထဲမှ မောင်မောင်လွင်၏ လမ်ဖွန်အသင်းတစ်သင်းသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent