■ မန်စီးတီးအသင်းအကြောင်း မမေးရန် ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ပါကေတာ တားမြစ်     

■ မန်စီးတီးအသင်းအကြောင်း မမေးရန် ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ပါကေတာ တားမြစ်     
Photo: Sky Sports
Photo: Sky Sports
Published 22 March 2024

ဝက်စ်ဟမ်းအသင်း၏ ကွင်းလယ်ကစားသမား ပါကေတာက မန်စီးတီးအသင်းအကြောင်း မမေးရန် တားမြစ်ခဲ့ကြောင်း သိရသည်။ 

ဘရာဇီးလ်ကွင်းလယ်ကစားသမား ပါကေတာကို မန်စီးတီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်နေသည်။ 

ထို့ကြောင့် သတင်းထောက်တစ်ဦးက မန်စီးတီးအသင်းအကြောင်း မေးမြန်းခဲ့ရာ ပါကေတာက "ကျွန်တော် လက်ရှိကလပ် ဝက်စ်ဟမ်းအသင်းကို လေးစားမှုအများကြီးရှိပါတယ်။ ဒီရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ ဒါကြောင့် လက်ရှိအသင်းကိုပဲ အာရုံစိုက်ထားပြီး တခြားအသင်းအကြောင်း မဆွေးနွေးချင်ပါဘူး"ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပါကေတာအား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဝက်စ်ဟမ်းအသင်းသည် ပါကေတာအား ရောင်းချလိုခြင်းမရှိသော်လည်း ပေါင်သန်း (၉၀) ဝန်းကျင်ရပါက လက်လွှတ်ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent