ဘွန်ဒစ်လီဂါ ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါ ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 March 2024

 

■ ဖရိုင်းဘတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် ည ၉းဝ၀)

လေဗာကူဆင်အသင်းရဲ့ခြေချော်တာကို စောင့်စားရင်းနဲ့ပဲ ဘောလုံးရာသီက သုံးပုံနှစ်ပုံကာလကို ကျော်ဖြတ်လာခဲ့တယ်။ နှစ်သင်းစလုံးက ကြားရက်မှာ ယူရိုပါလိဂ်အဆုံးအဖြတ်ပွဲတွေ ကစားခဲ့ရတယ်။ ဖရိုင်းဘတ်အသင်း အမှတ်ပေးပွဲ (၆)ပွဲဆက် နိုင်ပွဲပျောက်ထားရာကနေ နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရခဲ့တယ်။ ဖရိုင်းဘတ်အနေနဲ့ နောက်ဆုံးကစားထားတဲ့ ဘွန်ဒစ်လီဂါအိမ်ကွင်း(၁၀)ပွဲမှာလည်း (၁)ပွဲပဲ အရေးနိမ့်ခဲ့တယ်။ လေဗာကူဆင်အနေနဲ့ Peak Form ကို ရောက်နေပေမဲ့ ဘယ်အချိန် အမှတ်လျော့မလဲ စောင့်ကြည့်ချင်စရာကောင်းနေတယ်။ လေဗာကူဆင် နိုင်ရင်တောင် ဂိုးမပြတ်နိုင်ဘူး။

■ ဖရိုင်းဘတ်အသင်း နောက်ဆုံးကစားထားသည့် ဘွန်ဒစ်လီဂါပွဲစဉ် (၈)ပွဲတွင် နှစ်သင်းပေါင်းသွင်းဂိုးမှာ (၂.၅)ဂိုးအထက် ရှိနေပြီး ယင်း(၈)ပွဲတွင် တစ်ပွဲသာ အနိုင်ရရှိခဲ့သည်။

■ ဒေါ့မွန် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ည ၁၁းဝ၀)

ဒေါ့မွန်အသင်း ကြားရက်မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲ ကစားထားရလို့ ပွဲပိုပန်းနိုင်တယ်။ နောက်ဆုံးတွေ့ဆုံမှု (၅)ပွဲမှာ ဒေါ့မွန်အသင်း (၄)ပွဲအထိ အနိုင်ရခဲ့ပေမဲ့ ပထမအကျော့မှာ သရေရဖို့တောင် အသည်းအသန်ကစားလိုက်ရတယ်။ ဒီပွဲက ဖရန့်ဖတ်အဖို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ပေးမယ့်ပွဲလို့တောင် ပြောနိုင်တယ်။ ဒါပေမဲ့ ဒေါ့မွန် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

■ ဖရန့်ဖတ်အသင်းသည် ဘွန်ဒစ်လီဂါ နောက်ဆုံး(၄)ပွဲတွင် နှစ်သင်းပေါင်းသွင်းဂိုး (၂.၅)ဂိုးအထက်ရှိပြီး ယင်းပွဲများတွင် အနည်းဆုံး(၂)ဂိုးစီ သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent