ရော်ဘင်ဟိုရဲ့အမှောင်ဇာတ်လမ်း (၁)

ရော်ဘင်ဟိုရဲ့အမှောင်ဇာတ်လမ်း (၁)
Photos: Getty Images
Photos: Getty Images
Published 27 March 2024
AK

အဲဒီဖြစ်ရပ်ဟာ အေစီမီလန်မှာ ရော်ဘင်ဟို ကစားနေတဲ့ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာပါပဲ။ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုစွဲချက်ထွက်ပေါ်လာပြီးနောက် နေဝင်ခါစ ရော်ဘင်ဟိုရဲ့ ကစားသမားဘဝ ပိုပြီးအမှောင်သန်းသွားရတယ်။ ရော်ဘင်ဟို နောက်ဆုံးကစားခဲ့တဲ့ အက်သလက်တီကိုမင်နဲရိုးအသင်းက မုဒိမ်းမှုစွဲချက်တွေအပေါ် မှတ်ချက်မပေးပေမဲ့ အသင်းပရိသတ်တွေ လက်မခံခဲ့ဘူး။ ရော်ဘင်ဟိုကို မြင်တာနဲ့ "မုဒိမ်းကောင်" ဆိုပြီး လှောင်ပြောင်ကြတယ်။ "တိတ်တိတ်နေခြင်းဟာ ဝန်ခံခြင်းပဲ ရော်ဘင်ဟို" ၊ "မုဒိမ်းကောင်တွေ  ငါတို့ လက်မခံဘူး" ဆိုတဲ့စာတန်းတွေကိုင်ဆောင်ပြီးလည်း အက်သလက်တီကိုမင်နဲရိုးပရိသတ်တွေ ဆန္ဒပြခဲ့ပါတယ်။ အခြေအနေတွေ တင်းမာလွန်းနေချိန်မှာ ကံကောင်းတာက ရော်ဘင်ဟိုနဲ့  အက်သလက်တီကိုမင်နဲရိုးတို့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါပဲ။ နောက်တစ်လအကြာမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရော်ဘင်ဟိုကို အက်သလက်တီကိုမင်နဲရိုးစာချုပ်သက်တမ်းမတိုးခဲ့ပါဘူး။ အဲဒီနောက် တူရကီကလပ်ဘာရှက်ဆီဟီ အသင်းဆီ ရော်ဘင်ဟို ပြောင်းရွှေ့ခဲ့ပါတယ်။ အသင်းပြောင်းရွှေ့ခဲ့တယ်ဆိုတာထက် ထွက်ပြေးခဲ့တယ်ဆိုရင် ပိုမှန်ပါတယ်။

 

Most Recent