အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်
Photo: AP
Photo: AP
Published 21 November 2024

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်က  ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပရက်ဆော့ခွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်မှုကို နိုဝင်ဘာ ၂၀ ရက်က အတည်ပြုခဲ့သည်။

အထက်လွှတ်တော်၏ ပထမလက်ထောက်ဥက္ကဋ္ဌနှင့်  လက်ထောက်ဝန်ကြီးချုပ်ဟောင်း ပရက်ဆော့ခွန်းသည် ယခင်နိုင်ငံခြားရေးဝန်ကြီး ဆွတ်ချန်ဒါ ဆိုဖီယာ၏နေရာတွင် အစားထိုးတာ ဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ် ဟွန်မာနက်က ပရက်ဆော့ခွန်းကို ရာထူးခန့်အပ်မှုများ Telegram တွင် ဂုဏ်ပြု ကြောင်းရေးသားခဲ့သည်။

ဟွန်မာနက်သည် ကမ္ဘောဒီးယားကိုနှစ်ပေါင်း ၄၀ နီးပါး အုပ်ချုပ်ခဲ့သည့် ဖခင်ဖြစ်သူ ဟွန်ဆန်ထံမှ အာဏာကို ပြီးခဲ့သည့်နှစ်က လွှဲပြောင်းရယူခဲ့သည်။ ပရက်ဆော့ခွန်းသည် ဟွန်ဆက်လက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ လက်ထောက်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းမ တိုင်မီအချိန်က သူသည် နိုင်ငံအများအပြားတွင် ကမ္ဘောဒီးယားသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဟွန်မာနက်ကမူ အစိုးရအဖွဲ့ပြောင်းလဲဖွဲ့စည်းမှုသည် အုပ်ချုပ်ပုံကို ပိုမိုတိုးတက်ကောင်းမွန်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: AFP

                                             

Most Read

Most Recent