■ အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် အဝေးကွင်းယှဉ်ပြိုင်ရသည့် အသင်း (၄)သင်းစလုံး အနိုင်ရရှိ     

■ အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် အဝေးကွင်းယှဉ်ပြိုင်ရသည့် အသင်း (၄)သင်းစလုံး အနိုင်ရရှိ     
Photo: Sky Sports
Photo: Sky Sports
Published 22 March 2024

၂၀၂၃-၂၄ ရာသီ အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို မတ်လ (၁၉၊ ၂၀)ရက်များတွင် ယှဉ်ပြိုင်ကစားခဲ့ရာ အဝေးကွင်း ယှဉ်ပြိုင်ကစားရသည့် အသင်း(၄)သင်းစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

    

ကွာတားဖိုင်နယ် ပထမအကျော့တွင် ဘာစီလိုနာအသင်းက ဘန်းအသင်းကို (၂-၁)ဂိုး၊ လိုင်ယွန်အသင်းက ဘင်ဖီကာအသင်းကို (၂-၁) ဂိုး၊ ချယ်လ်ဆီးအသင်းက အေဂျက်စ်အသင်းကို (၃-၀)ဂိုး၊ PSG အသင်းက ဟက်ကန်အသင်းကို (၂-၁)ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ထိပ်သီးအသင်းအားလုံး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် အလားအလာကောင်းသွားခဲ့သည်။ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို မတ်လ(၂၇၊ ၂၈)ရက်များတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

    

၂၀၂၃-၂၄ ရာသီ အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို စပိန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။ 

အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် လိုင်ယွန်အသင်းက အအောင်မြင်ဆုံးဖြစ်သော်လည်း ယခုရာသီတွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent