ရီးယဲလ်လူငယ်အသင်းနည်းပြရာထူးမှ ထွက်ခွာတော့မည်ဟု ရာအူးလ်အတည်ပြု

ရီးယဲလ်လူငယ်အသင်းနည်းပြရာထူးမှ ထွက်ခွာတော့မည်ဟု ရာအူးလ်အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 27 May 2024

ရီးယဲလ်မက်ဒရစ်လူငယ်အသင်း (Real Madrid-5) ကိုကိုင်တွယ်နေသည့် စပိန်ဂန္ထဝင်တိုက်စစ်မှူးဟောင်း  ရာအူးလ်က မိမိအနေဖြင့် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည်ဖြစ်ပြီး စိန်ခေါ်မှုအသစ်များရင်ဆိုင်ရန်အတွက် စဉ်းစားနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၄၆)နှစ်အရွယ်ရှိ ရာအူးလ်သည် ၂၀၁၈ ခုနှစ်တွင် ရီးယဲလ်လူငယ်အသင်းကို စတင်ကိုင်တွယ်ကာ ပရော်ဖက်ရှင်နယ်နည်းပြလောကသို့ ဝင်ရောက်လာခဲ့ပြီး ရီးယဲလ်မက်ဒရစ် ယူ-၁၉ အသင်းအား ၂၀၁၉-၂၀ ရာသီ ဥရောပလူငယ်ချန် ပီယံလိဂ်ဆုဖလားကို ရယူပေးနိုင်ခဲ့သူဖြစ်သည်။

ရာအူးလ်သည် လေဗာကူဆင်နည်းပြ အလွန်ဆိုနည်းတူ ဘွန်ဒစ်လီဂါကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ရန် လိုလားနေကြောင်း သိရသည်။

 

Most Read

Most Recent