လိုအပ်ချက်များနဲ့ ဆောက်ဂိတ်ရဲ့  အင်္ဂလန်

လိုအပ်ချက်များနဲ့ ဆောက်ဂိတ်ရဲ့  အင်္ဂလန်
Photo : AFP
Photo : AFP
Published 24 June 2024
Wai Yan Aung

ဒိန်းမတ်နဲ့ သရေကျတဲ့ပွဲအပြီးမှာ အင်္ဂလန်ပရိသတ်တွေက နည်းပြ ဆောက်ဂိတ်ကို ရာထူးက ထုတ်ပယ်ပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဘောလုံးသုံးသပ်သူအတော်များများကလည်း ဆောက်ဂိတ်ရဲ့ကိုင်တွယ်မှုကို ဝေဖန်ခဲ့ကြ၊ မေးခွန်းထုတ်ခဲ့ကြပါ တယ်။ စပိန်လက်ရွေးစင်ဟောင်း ဖာဘရီဂတ်စ်ကတော့ ဆောက်ဂိတ်မှာ Game Plan မယ်မယ်ရရမရှိဘူးလို့ သုံးသပ်ခဲ့ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ အင်္ဂလန်အသင်းမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ အများကြီးရှိနေပြီး ဒီကစားသမားတွေဆီက အကောင်းဆုံးစွမ်းဆောင်ရည် ရရှိအောင်လုပ်ဆောင်ရမှာက နည်းပြရဲ့ တာဝန်ပဲလို့ ဆိုခဲ့ပါတယ်။

 

Most Read

Most Recent