ဆော်ဒီသို့ ပြောင်းရွှေ့ရန် လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက် စီစဉ်နေ

ဆော်ဒီသို့ ပြောင်းရွှေ့ရန် လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက် စီစဉ်နေ
Photo: Mirror
Photo: Mirror
Published 15 June 2024

 

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်သည် ဆော်ဒီသို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အသက် ၃၂ နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဗန်ဒိုက်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၅ ဇွန်လ ၃၀ ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုပင် မရှိသေးကြောင်း သိရှိရသည်။ 

စပိန်သတင်းစာ Marca ၏ဖော်ပြချက်အရ ဗန်ဒိုက်၏အေးဂျင့်ဖြစ်သူသည် ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ဆော်ဒီပရိုလိဂ်သည် ဥရောပမှ နာမည်ကျော်ကစားသမားများကို ငွေကြေးမြောက်မြားစွာပေးချေကာ ခေါ်ယူလျက်ရှိသည်။ 

ဗန်ဒိုက်အနေဖြင့် လီဗာပူးလ်အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ကစားဖွယ်ရှိနေပြီး ၂၀၂၅ နွေရာသီတွင် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း Marca က ဖော်ပြခဲ့သည်။ 

Most Read

Most Recent