FIFA-MFF ယူ- ၁၇ လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆)အပြီးတွင် ရှမ်းအသင်း ထိပ်ဆုံးမှဦးဆောင်

FIFA-MFF ယူ- ၁၇ လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆)အပြီးတွင် ရှမ်းအသင်း ထိပ်ဆုံးမှဦးဆောင်
Photo: MFF
Photo: MFF
Published 28 May 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူးပေါင်း၍ ကျင်းပနေသည့် FIFA-MFF ယူ- ၁၇ လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၆)အပြီးတွင် ရှမ်းအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိရသည်။

ပွဲစဉ်(၁၆) ကို ပြီးခဲ့သည့် မေ(၂၄၊ ၂၅၊ ၂၆) ရက်များက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်(၁၆) တွင် နေပြည်တော်အသင်းက အင်းစိန်စီးတီးအသင်းကို(၇-၀)ဂိုး၊ ဖားစည်မြေအသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို(၃-၁)ဂိုး၊ ရွိုင်ရယ်ရန်ကုန်အသင်းက Burmese Youth အသင်းကို(၃-၂)ဂိုး၊ ရှမ်းအသင်းက မအူပင်အသင်းကို(၂-၁)ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး အာသာဝတီအသင်းနှင့် ဆုလဘ်မြင့်မိုရ်အသင်းမှာ(၁-၁)ဂိုး၊ ရခိုင်ယူနိုက်တက် နှင့် စီးတီးရွှေပြည်သာအသင်းမှာ(၁-၁)ဂိုးတို့ဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

ပွဲစဉ်(၁၆) အပြီးတွင် ရှမ်းအသင်းက (၁၃)ပွဲနိုင်၊ (၁) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ်(၄၀) မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရခိုင်ယူနိုက်တက်အသင်းက (၁၂)ပွဲနိုင်၊ (၃) ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ်(၃၉) မှတ်ဖြင့် ဒုတိယ၊ နေပြည်တော်ယူနိုက်တက်အသင်းက(၁၂) ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃) ပွဲရှုံး၊ ရမှတ်(၃၇) မှတ်ဖြင့် တတိယနေရာမှလိုက်ကာ ဖိအားပေးနေလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲကို အသင်း(၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပနေခြင်းဖြစ်သည်။