နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 3 June 2024

ဂျီဘရော်လ်တာ နှင့် စကော့တလန် (မြန်မာစံတော်ချိန် တနင်္လာည ၁ဝး၃၀ နာရီ)

ဂျီဘရော်လ်တာနဲ့ စကော့တလန်တို့ကြားက ခြေအရည်အသွေးက တော်တော်လေးကွာတယ်လို့ ပြောလို့ရတယ်။ စကော့တလန်က ရလဒ်တွေဆိုးနေတာ မှန်ပေမဲ့ ဂျီဘရော်လ်တာလို ဥရောပရဲ့ အားအနည်းဆုံးအသင်းတွေထဲက တစ်သင်းကို လွယ်လွယ်ကူကူပဲ ဂိုးပြတ်သွင်းပါလိမ့်မယ်။ 

ခရိုအေးရှား နှင့် မက်ဆီဒိုးနီးယား (မြန်မာစံတော်ချိန် တနင်္လာည ၁၁း၃၀ နာရီ)

မက်ဆီဒိုးနီးယားက ဥရောပရဲ့အသင်းငယ်အဆင့်ကနေ အသင်းလတ် အနေအထားကိုရောက်လာတယ်။ လျှော့မတွက်သင့်တဲ့အသင်းမျိုးဖြစ်ပြီး မထင်မှတ်တာတွေကို လုပ်ပြနိုင်တဲ့ အသင်းလည်းဖြစ်တယ်။ ခရိုအေးရှားကတော့ ခြေစွမ်းပိုင်းတည်ငြိမ်နေတဲ့အသင်းဖြစ်လို့ ခရိုအေးရှားပဲ နိုင်မယ်။ 

အင်္ဂလန် နှင့် ဘော့စနီးယား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ယူရို-၂၀၂၄ ပြိုင်ပွဲက တဖြည်းဖြည်းနီးလာခဲ့ပြီး အသင်းတွေကလည်း နောက်ဆုံးပြင်ဆင်မှုတွေကို လုပ်နေကြပြီ။ အင်္ဂလန်အသင်းက ဒီပွဲကို နယူးကာဆယ်ကွင်းမှာ ကစားပြီးရင် အိုက်စလန်အသင်းနဲ့ပွဲကို ဝင်ဘလေမှာ ကစားမှာပါ။ အိုက်စလန်နဲ့ပွဲ မတိုင်ခင် နာရီပိုင်းအလိုမှာ အပြီးသတ်လူစာရင်းကို ကြေညာရမှာဖြစ်လို့ ဒီပွဲမှာ ဆောက်ဂိတ်က နောက်ဆုံး ဆုံးဖြတ် ချက်ချလိမ့်မယ်။ အင်္ဂလန်အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရလဒ်က အကောင်းဆုံးပုံစံမှာ မရှိသလို၊ Nations League တုန်းကလည်း ရလဒ်တွေမကောင်းခဲ့ဘူး။ ဒါပေမဲ့ ဘော့စနီးယားကလည်း ရလဒ်ဆိုးနေသလို၊ လက်ရွေးစင်အပြီးသတ်စာရင်းထဲ ပါချင်တဲ့ ကစားသမားတွေကလည်း ရုန်းကန်ကြမှာဖြစ်လို့ အင်္ဂလန်ကို ကြိုက်တယ်။ 

ဂျာမနီ နှင့် ယူကရိန်း (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ယူရိုအိမ်ရှင် ဂျာမနီအသင်းက အစောပိုင်းမှာ ရုန်းကန်ရပေမဲ့ ပြင်သစ်အသင်းနဲ့ ပွဲ၊ နယ်သာလန်အသင်းနဲ့ပွဲတွေမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တယ်။ နာဂယ်စ်မန်းရဲ့လက်ရှိလူစာရင်းမှာ ဘိုင်ယန်မြူးနစ်ကစားသမား တော်တော်များများ ပါမလာခဲ့တာကိုတွေ့ရပြီး ကစားသမားအထိုင်လည်း နည်းနည်းပြောင်းသွားတယ်။ တိုနီကရို့စ်နဲ့ ဂွန်ဒိုဂန်တို့လို ၀ါရင့်ကစားသမားတွေကို အထိုင်ချပြီး လူငယ်ကြယ်ပွင့်တွေအများကြီးနဲ့ ဂျာမနီအသင်းက အသင်းလိုက်ပုံစံရော ခြေစွမ်းပါ သိသိသာသာ တိုးတက်လာတာလည်း တွေ့ရတယ်။ ယူကရိန်းကလည်း ရလဒ်ကောင်းတွေ ဆက်တိုက်ယူနေတဲ့အသင်းပါ။ ဒါပေမဲ့အသင်းငယ်တွေကို နိုင်ခဲ့တာ များနေတယ်။ ဂျာမနီကိုပဲ ကြိုက်တယ်။ 

 

Most Read

Most Recent