ဆော်ဒီသို့ ပြောင်းမည်ဟု သတင်းထွက်ပေါ်နေသော်လည်း လာမည့်ရာသီတွင် လီဗာပူးလ်အသင်း၌ ဆက်နေဖွယ်ရှိကြောင်း ဆာလာ အရိပ်အမြွက်ဖွင့်ဟ

ဆော်ဒီသို့ ပြောင်းမည်ဟု သတင်းထွက်ပေါ်နေသော်လည်း လာမည့်ရာသီတွင် လီဗာပူးလ်အသင်း၌ ဆက်နေဖွယ်ရှိကြောင်း ဆာလာ အရိပ်အမြွက်ဖွင့်ဟ
Photo : Getty Images
Photo : Getty Images
Published 23 May 2024

လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက လာမည့်နွေရာသီတွင် ဆော်ဒီသို့ ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်းအနေဖြင့် လာမည့်ရာသီတွင် အသင်း၌ဆက်နေဖွယ်ရှိ ကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့သည်။

ဆာလာအနေဖြင့် ယခုရာသီကုန်တွင် အသင်းနှင့်လမ်းခွဲခဲ့သည့် နည်းပြ ကလော့ပ်ကဲ့သို့ လာမည့်နွေတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သုံးသပ်မှုများ ရှိနေသည်။

ဆာလာသည် လီဗာပူးလ်အသင်း၌တစ်ပတ် လစာပေါင် (၃၅၀၀၀၀) ရရှိနေပြီး အသင်းနှင့်ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၂၅ ဇွန်လ (၃၀) ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာ(၃၁ နှစ်)ကို ခေါ်ယူရန် ဆော်ဒီကလပ်များက ကြိုးပမ်းခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ နွေ ရာသီက ပေါင်သန်း (၂၀၀) ဖြင့်ကမ်း လှမ်းခဲ့ကြောင်း သိရသည်။ ဆော်ဒီက လပ်များသည် ဆာလာကို ခေါ်ယူရန် ပြန်လည်ကြိုးပမ်းလာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။

သို့သော် ဆာလာက ၎င်းအနေဖြင့် လီဗာပူးလ်တွင် အနည်းဆုံးတစ်ရာသီ ထပ်နေဖွယ်ရှိကြောင်း X တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ဆာလာက "အောင်မြင်မှုကို ဆုဖလားတွေ ရရှိတာနဲ့ တိုင်းတာတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ လာမယ့်ရာသီမှာ ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေ ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ပရိသတ်တွေဟာ ဆုဖလားတွေနဲ့ထိုက်တန်သူတွေဖြစ်ပြီး ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားမှာပါ"ဟု ရေးသားခဲ့သည်။ 

Most Read

Most Recent