ဗင်နီစီယပ်စ်ကို ယူရိုသန်း(၂၀၀)ဖြင့် ခေါ်ယူရန် ထိပ်သီး(၃)သင်း အသင့်ရှိနေ

ဗင်နီစီယပ်စ်ကို ယူရိုသန်း(၂၀၀)ဖြင့် ခေါ်ယူရန် ထိပ်သီး(၃)သင်း အသင့်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 5 April 2024

ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ယူရိုသန်း(၂၀၀)ဖြင့် ခေါ်ယူရန် ထိပ်သီးကလပ်(၃)သင်းဖြစ်သည့် လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် PSG အသင်းတို့ အသင့်ရှိနေကြောင်း စပိန်သတင်းစာ Sport က ဖော်ပြခဲ့သည်။

ဗင်နီစီယပ်စ်(၂၃ နှစ်)သည် လက်ရှိအချိန်၌ ရီးယဲလ်အသင်း၏ တိုက်စစ်ပိုင်းကို ဦးဆောင်နေသူဖြစ်ပြီး ၂၀၂၁-၂၂ ရာသီမှစ၍ အသင်း၏ အဓိကတိုက်စစ်ကစားသမားအဖြစ် ရပ်တည်နေခဲ့သူလည်းဖြစ်သည်။

သို့သော် စပိန်ဘောလုံးပရိသတ်များ၏ လူမျိုးရေးခွဲခြား တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်အတွက် အခြားလိဂ်ပြိုင်ပွဲတစ်ခုသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်နေသည်။

ထို့ကြောင့် အကြောင်းပြချက်အသီးသီးဖြင့် တိုက်စစ်ကစားသမား လိုအပ်ချက်ရှိနေသော ထိပ်သီးကလပ်(၃)သင်းက ၎င်းကို ခေါ်ယူရန် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် ဘာပေကို လာမည့်နွေရာသီတွင် ဆုံးရှုံးရဖွယ်ရှိသည့်အတွက် ဗင်နီစီယပ်စ်ကို ခေါ်ယူလိုခြင်းဖြစ်သလို၊ လီဗာပူးလ်အသင်းကလည်း ဆာလာ၏နေရာ ရေရှည်အစားထိုးရန်အတွက် ဗင်နီစီယပ်စ်ကို ခေါ်ယူလိုခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြောင်းရွှေ့ ကြေးယူရိုသန်း(၂၀၀)အထိ အသုံးပြုရန် အသင့်ရှိနေကြသော်လည်း ရီးယဲလ်အသင်းက ရောင်းထုတ်လိုခြင်းမရှိကြောင်း သိရသည်။ 

Most Read

Most Recent