ယနေ့ညကစားမည့် စီးရီးအေပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် စီးရီးအေပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 10 March 2024

လက်ချီ နှင့် ဗီရိုနာ

လက်ချီက ဗီရိုနာနဲ့တွေ့တဲ့ စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိ ရှုံးခဲ့ပြီး နိုင်ပွဲလည်း မရခဲ့ဘူး။ ဒါပေမဲ့ တန်းဆင်းဇုန်နဲ့ ဝေးသထက်ဝေးဖို့ လက်ချီအသင်း ပြင်ဆင်လာမှာပါ။ အိမ်ကွင်းမှာ လက်ချီအသင်း လက်စားချေလိမ့်မယ်။

အေစီမီလန် နှင့် အမ်ပိုလီ

အေစီမီလန်က စီးရီးအေအိမ်ကွင်းနောက်ဆုံး (၈)ပွဲဆက် ရှုံးပွဲမရှိသေးဘူး။ ဒါ့အပြင် လီယာအို၊ အိုကာဖော်တို့လို ကစားသ မားတွေ ဂိုးပေါက်တွေ့နေတာက ကျေနပ်စရာဖြစ်ပြီး ဒီပွဲမှာလည်း အမ်ပိုလီကို ထိုးနှက်ဖို့ ကြိုးစားလိမ့်မယ်။ အမ်ပိုလီက နောက်ပိုင်း ပွဲတွေမှာ ရလဒ်ပိုင်း သိသိသာသာတက်လာတဲ့အသင်းဖြစ်ပေမဲ့ မီလန်မြေမှာတော့ ထင်သလောက်အလုပ်ဖြစ်ဖို့ မလွယ်ပါဘူး။ အေစီမီလန် (၂)ဂိုးပြတ်လောက်နဲ့ နိုင်မယ်။

ဂျူဗင်တပ်စ် နှင့် အတ္တလန်တာ

ဒီနှစ်သင်းနောက်ပိုင်းတွေ့တဲ့ပွဲတွေမှာ သွင်းဂိုးတွေနည်းပါးနေတာကို သတိထားရမယ်။ ဂျူဗင်တပ်စ်က ရလဒ်ပိုင်း ကျဆင်းနေတဲ့အသင်းဖြစ်သလို၊ အတ္တလန်တာကလည်း နောက်ဆုံး (၂)ပွဲဆက် ရှုံးခဲ့တယ်။ အတ္တလန်တာအသင်းကိုတော့ ပွဲကျပ်ကာလကို ဖြတ်ကျော်ခဲ့ရတာဖြစ်တယ်လို့ ဆိုနိုင်ပြီး သူတို့အနေနဲ့ ဥရောပနဲ့ ပြည်တွင်း ပြိုင်ပွဲ (၂)ရပ်အကြား ပွဲပန်းနေနိုင်တာကိုလည်း သတိပြုရမယ်။ ဒါကြောင့် တူရင်မှာ ကစားရမယ့် ဒီပွဲမှာ ဂျူဗင်တပ်စ်ကို ရွေးထားချင်တယ်။ (၂)သင်းပေါင်းသွင်းဂိုးကတော့ နည်းနိုင်တယ်။

ဖီအိုရင်တီးနား နှင့် ရိုးမား

(၂)သင်းစလုံး ဥရောပဝင်ခွင့်နေရာအတွက် တိုက်ပွဲဝင်ရမှာဖြစ်တယ်။ နည်းပြ ဒီရော့ဆီရဲ့ ရိုးမားအသင်းမှာတော့ အားကောင်းတဲ့ ပုံစံမျိုးကိုပဲ ဆက်တိုက်မြင်နေရပြီး ဒီဘားလားအနေနဲ့ ငယ်မူပြန်တဲ့ ခြေစွမ်းမျိုးကို ဆက်တိုက်ပြနေတာကလည်း ကျေနပ်စရာပါပဲ။ ဖီအိုရင်တီးနားက အသင်းကောင်းတစ်သင်းဆိုပေမဲ့ နောက်ပိုင်းမှာ နည်းနည်းလေးကျလာတယ်။ ရိုးမားကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent