မျှော်လင့်ချက် ပေါင်းဆုံတဲ့ အိုးလ်ထရက်ဖို့ဒ်စီးချင်း

မျှော်လင့်ချက် ပေါင်းဆုံတဲ့ အိုးလ်ထရက်ဖို့ဒ်စီးချင်း
Photos: X
Photos: X
Published 6 April 2024
Phoe Thar

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အောင်မြင်မှု၊ စွမ်းဆောင်ရည်မှတ်တမ်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုအစဉ်အလာတွေအရ မန်ယူဟာ လီဗာပူးလ်အတွက် ပြိုင်ဘက်ကောင်းမဖြစ်ခဲ့တဲ့ ကြာပြီဆိုရင်တောင် သမိုင်းအစဉ်အလာကြီးမားတဲ့ အင်္ဂလန်ဒါဘီပြိုင်ဘက်နှစ်သင်းရဲ့ ချန်ပီယံဆုအတွက် သက်ရောက်မှုကြီးမယ့်ပွဲစဉ်က ပရိသတ်တွေအတွက် အဆုံးစွန်သောရင်ခုန်မှုတွေကိုပေးစွမ်းမှာသေချာပါတယ်။ ဒါ့ပြင် ဒီပွဲစဉ်က လီဗာပူးလ်အသင်းအတွက် ချန်ပီယံဆုမျှော်လင့်ချက်အပေါ် သက်ရောက်မှုကြီးစေမှာဖြစ်သလို၊ မန်ယူအသင်းအတွက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အတိုင်းအတာတစ်ခုအထိအဆုံးအဖြတ်ပေးဖို့ရှိနေပြန်ပါတယ်။ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာက အင်္ဂလန်ဒါဘီရဲ့နောက်ဆုံးတွေ့ဆုံမှုဖြစ်တဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူအသင်းက ပိုမိုရေပန်းစားပါတယ်ဆိုတဲ့ လီဗာပူးလ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ (၄-၃)ဂိုး နဲ့ အံ့အားသင့်ဖွယ်အနိုင်ယူခဲ့တာဖြစ်ပြီး၊ ဒီအခြေအနေကိုကြည့်ရင် ဒီတစ်ကြိမ်အိုးလ်ထရက်ဖို့ဒ်စီးချင်းတိုက်ပွဲကလည်း လီဗာပူးလ်အသင်းအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်သွားစေနိုင်တယ်လို့ပဲ ဆိုရမှာပါ။

 

Most Read

Most Recent