■ ဂျော်အိုဖေးလစ်ကိုခေါ်ယူရန် အက်စတွန်ဗီလာအသင်း ကြိုးပမ်းနေ

■ ဂျော်အိုဖေးလစ်ကိုခေါ်ယူရန် အက်စတွန်ဗီလာအသင်း ကြိုးပမ်းနေ
Photo: Getty Images
Photo: Getty Images
Published 19 July 2024

လာမည့် ၂၀၂၄-၂၅ ရာသီ၌ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားသည့် အက်စတွန် ဗီလာအသင်းသည် အားဖြည့်မှုများ ပြုလုပ်လျက်ရှိရာ အက်သလက်တီကိုအသင်းမှ ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ခေါ်ယူရန်လည်း ကြိုးပမ်းနေကြောင်း သိရသည်။ 

အက်သလက်တီကိုအသင်းကလည်း ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းထံ အငှားချခဲ့သည့် ဂျော်အိုဖေးလစ်ကို ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အက်သလက်တီကိုအသင်းသည် ၂၀၁၉ ခုနှစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၂၆) သန်းဖြင့် ခေါ်ယူခဲ့သည်။ 

သို့သော် ၎င်းသည် အက်သလက်တီကိုအသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသလို၊ နည်းပြ ဆီမြွန်နီနှင့်လည်း အဆင်မပြေဖြစ်နေကြောင်း သိရသည်။ 

အက်သလက်တီကိုအသင်းသည် ယခုနွေတွင် ဂျော်အိုဖေးလစ်အား ရောင်းထုတ်ရန် စီစဉ်နေပြီး ၎င်းအတွက် ယူရိုသန်း(၆၀)ဝန်းကျင် အလိုရှိနေသည်ဟု သိရသည်။

Most Read

Most Recent