မြန်မာလူငယ်အသင်းများယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲနှင့် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ဇွန် ၁၃ ရက် ပြုလုပ်မည်

မြန်မာလူငယ်အသင်းများယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲနှင့် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ဇွန် ၁၃ ရက် ပြုလုပ်မည်
Photo: MFF
Photo: MFF
Published 10 June 2024

မြန်မာလူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲနှင့် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲများအတွက် အုပ်စုခွဲဝေမှုကို လာမည့် ဇွန် ၁၃ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲနှင့် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံများကို အတည်ပြု ရွေးချယ်ခဲ့ပြီးဖြစ်သည်။

၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်း(၄၁)သင်းအား အုပ်စု(၁၀)ခု ခွဲကာ ကျင်းပသွားမည်ဖြစ်သည်။

AFC သည် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် အိမ်ရှင်နိုင်ငံများအဖြစ် တရုတ်(တိုင်ပေ)၊ အင်ဒိုနီးရှား၊ ကူဝိတ်၊ ကာဂျစ္စတန်၊ လာအို၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများကို ရွေးချယ်ထား သည်။

ခြေစစ်ပွဲတွင် အုပ်စု(၁၀)ခုမှ ထိပ်ဆုံးရပ်တည်မှုရ အသင်း(၁၀) သင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယရ အသင်း(၅) သင်း၊ စုစုပေါင်း(၁၅) သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည့် ဆော်ဒီအာရေဗျအသင်းနှင့်ပေါင်းကာ (၁၆) သင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲများကို လာမည့်အောက်တိုဘာအတွင်း ကျင်းပမည်ဖြစ်သည်။

၂၀၂၅ အာရှဖလား ယူ-၁၇ ပြိုင်ပွဲကို လာမည့် ၂၀၂၅ ခုနှစ် ဧပြီ (၃) ရက်မှ (၂၀) ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

၂၀၂၅ အာရှဖလား ယူ-၁၇ ပြိုင်ပွဲမှ ထိပ်ဆုံးရပ်တည်မှုရ အသင်း(၉)သင်းမှာ ကာတာနိုင်ငံ၌ကျင်းပမည့် ၂၀၂၅ ကမ္ဘာ့ဖလား ယူ-၁၇ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်း(၄၃) သင်းအား အုပ်စု(၁၀) ခုခွဲကာ ကျင်းပသွားမည်ဖြစ်သည်။

AFC သည် ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် အိမ်ရှင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ တရုတ် (တိုင်ပေ)၊ လာအို၊ ဂျော်ဒန်၊ ကူဝိတ်၊  ကာတာ၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများကို ရွေးချယ်ထားကြောင်း သိရသည်။ ခြေစစ်ပွဲဝင် အုပ်စု(၁၀) ခုမှ ထိပ်ဆုံးရပ်တည်မှုရ အသင်း(၁၀) သင်းနှင့် အကောင်းဆုံးအုပ်စုဒုတိယရ အသင်း (၅) သင်း၊ စုစုပေါင်း(၁၅) သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည့် တရုတ်အသင်း နှင့်ပေါင်းကာ (၁၆) သင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။

၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲများကို လာမည့်စက်တင်ဘာအတွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ အာရှဖလား ယူ-၂၀ ပြိုင်ပွဲကို လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ(၆)ရက်မှ (၂၃) ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent