ဟူဘယက်ကို မာဆေးလ်အသင်း ခေါ်ယူနိုင်ရန် နီးစပ်

ဟူဘယက်ကို မာဆေးလ်အသင်း ခေါ်ယူနိုင်ရန် နီးစပ်
Photo: Getty Images
Photo: Getty Images
Published 22 July 2024

မာဆေးလ်အသင်းသည် စပါးအသင်းမှ ဒိန်းမတ်ကွင်းလယ်ကစားသမား ဟူဘယက်ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

ဟူဘယက်(၂၈ နှစ်)သည် လာမည့်ရာသီ၌ စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နည်းပြ ပိုစတီကိုဂလူးလက်ထက်တွင် အရန်ကစားသမားအဖြစ်သာ ရပ်တည်လာရသည့်အတွက် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာဆေးလ်နှင့် စပါးအသင်းတို့သည် ပြောင်းရွှေ့ကြေးပေါင်(၁၇)သန်းဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးပေးချေမည့်ပုံစံအတွက်သာ ဆက်လက်ဆွေးနွေးနေကြောင်း သိရသည်။

မာဆေးလ်နည်းပြသစ် ဒီဇယ်ဘီက ပရီးမီးယားလိဂ်မှ ကစားသမားများကို ဦးစားပေးခေါ်ယူနေကြောင်းလည်း သိရသည်။

Most Read

Most Recent