Mask တပ်ဆင်ခြင်းသည် ကစားပုံကို ဆိုးရွားစေမည်မဟုတ်ဟု ဖာဘရီဂတ်စ် ပြောကြား

Mask တပ်ဆင်ခြင်းသည် ကစားပုံကို ဆိုးရွားစေမည်မဟုတ်ဟု ဖာဘရီဂတ်စ် ပြောကြား
Photo : Getty Images
Photo : Getty Images
Published 24 June 2024

စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်က Mask တပ်ဆင်ခြင်းသည် ကစားပုံကို ဆိုးရွားစေမည် မဟုတ်ဟု ပြောကြားခဲ့သည်။

ပြင်သစ်တိုက်စစ်မှူး ဘာပေ Mask တပ်ဆင်ကစားရမည့် အခြေအနေဖြစ်ပေါ်နေသဖြင့် ဖာဘရီဂတ်စ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းကိုယ်တိုင်မှာလည်း ချယ်လ်ဆီးအသင်းတွင် ယှဉ်ပြိုင်ကစားခဲ့စဉ်က နှာခေါင်းရိုးကျိုးခဲ့သည့်အတွက် Mask တပ်ဆင်ကာ ကစားခဲ့ရဖူးသည်။

"ဒါက ထူးခြားမှုတွေ ပေးစွမ်းမယ့် အရာမဟုတ်ပါဘူး။ ဒါပေမဲ့ ကစားပုံကိုလည်း ဆိုးရွားစေမှာ မဟုတ်ပါဘူး"ဟု ဖာဘရီဂတ်စ် က ပြောကြားခဲ့သည်။

Most Read

Most Recent