ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် မန်ယူအသင်းကို ပေါလ်စခိုးလ် တိုက်တွန်း

ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် မန်ယူအသင်းကို ပေါလ်စခိုးလ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 27 July 2024

 

မန်ယူဂန္ထဝင်ကစားသမား ပေါလ်စခိုးလ်က အသင်းဟောင်းအား ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။ 

မန်ယူအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုလော့ဂ်နာအသင်းမှ နယ်သာလန်တိုက်စစ်ကစားသမား ဇက်ဇီကို ခေါ်ယူထားသော်လည်း လုံလောက်မှုမရှိသေးကြောင်း ပေါလ်စခိုးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပေါလ်စခိုးလ်က "မန်ယူအသင်းအကြောင်းကို စဉ်းစားလိုက်ရင် သူတို့အနေနဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုနေတယ်ဆိုတာကို  တွေးမိပါတယ်။ ဟွိုင်လန်းကို အားကိုးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ သူက အသက်ငယ်ပါသေးတယ်။ ပြီးတော့ အခုခေါ်ယူထားတဲ့ ဇက်ဇီကလည်း လူငယ်ပါ။ မန်ယူအသင်းအနေနဲ့ အတွေ့အကြုံရင့်တိုက်စစ်မှူးတစ်ဦး ခေါ်ယူသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်နှင့် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးတို့ကို အသင်းအတွက် ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။ 

Most Read

Most Recent