အာဂျင်တီးနားနှင့်ရန်ပွဲအတွက် အွန်နရီ တောင်းပန်စကားဆို

အာဂျင်တီးနားနှင့်ရန်ပွဲအတွက် အွန်နရီ တောင်းပန်စကားဆို
Photo: Reuters
Photo: Reuters
Published 5 August 2024

ပြင်သစ်အိုလံပစ်ဘောလုံးအသင်း၏ နည်းပြဖြစ်သူ အွန်နရီက အာဂျင်တီးနားနှင့်ပွဲအပြီးတွင် ဖြစ်ပွားခဲ့သည့်ရန်ပွဲအတွက် တောင်းပန်စကားပြောကြားခဲ့သည်။

ပြင်သစ်နှင့် အာဂျင်တီးနားတို့သည် အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်၏ လူမျိုးရေးခွဲခြားမှုကြောင့် တင်းမာမှုများရှိနေကြပြီး အိုလံပစ်ကွာတားဖိုင်နယ်ပွဲအပြီးတွင် ရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ပြင်သစ်အသင်းက အာဂျင်တီးနားကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲအပြီး၌ လူ(၃၀)ဝန်းကျင်ပါဝင်သည့် ရန်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းအတွက် အွန်နရီက '' နောက်ဆုံးအချိန်မှာ ပရိသတ်တွေကို အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဒါဟာ ကျွန်တော် လိုလားတဲ့အရာ မဟုတ်သလို၊ ကျွန်တော် မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ကစားသမားတွေထဲက တစ်ယောက် အနီကတ်ထိခဲ့ပြီး ဒါကို ကျွန်တော် လက်မခံနိုင်ပါဘူး။ ဒီလို မဖြစ်သင့်ပါဘူး။ ကျွန်တော် အာဂျင်တီးနားနည်းပြ မာရှေရာနိုကို လက်ဆွဲနှုတ်ဆက်နေချိန်မှာ အဲဒါတွေ ဖြစ်ခဲ့တာပါ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent