■ ယနေ့ညကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ညကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 13 September 2024

■  လာလီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက် 

ဘက်တစ် - လီယာနက်စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁:၃၀ နာရီ)

နိုင်ပွဲမရသေးတဲ့ ဘက်တစ်တို့ အခုအိမ်ကွင်းပွဲမှာအနိုင်ရရေးအတွက် အစွမ်းကုန်အားထုတ်လာဖို့ရှိနေတယ်။ ဒါပေမဲ့ လီဟာနက်စ်ရဲ့ အဝေးကွင်းခံစစ်ကစားလာနိုင်မှုနဲ့ ဘက်တစ်ရဲ့ တိုက်စစ်က ဂိုးရရေးအတော်လေးခက်ခဲနေသေးမှုတွေအရတော့ အိမ်ရှင်ဘက်တစ်အတွက်အတော်လေးမလွယ်ကူတဲ့ပွဲ ဖြစ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘက်တစ်နဲ့ ဂိုးအနည်းကိုပဲ ဦးစားပေးထားရမယ်ထင်တယ်။

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃)  ပွဲကြိုသုံးသပ်ချက် 

ဒေါ့မွန် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁:၀၀ နာရီ)

ဟိုင်းဟိုင်အသင်းက (၂)ပွဲကစား၊ (၂)ပွဲစလုံး Clean Sheet ရလဒ်နဲ့ အနိုင်ယူပြီး ထိပ်ဆုံးရောက်နေတယ်။ ဒါပေမဲ့ ဟိုင်းဟိုင်အသင်း အနိုင်ယူခဲ့တဲ့ပြိုင်ဘက်တွေက ဆန့်ပေါ်လီ၊ အော့စ်ဘတ်တို့လို အသင်းတွေဖြစ်နေလို့ ခြေစမ်းပိုင်းကိုတော့ စောင့်ကြည့်ရဦးမယ်။ အခုဆုံတွေ့မယ့် ဒေါ့မွန်ကို ဟိုင်းဟိုင်အသင်း ပြီးခဲ့တဲ့ရာသီ နှစ်ကျော့စလုံး သရေကစားနိုင်ခဲ့တာ တွေ့ရတယ်။ ဒေါ့မွန်ကတော့ အိမ်ကွင်းမှာ အမှားအယွင်းနည်းလေ့ရှိတဲ့ အသင်းဖြစ်ပြီး အခုရာသီမှာလည်း ဒီအစဉ်အလာကို ဆက်ထိန်းနိုင်ဖို့ များပါတယ်။ ဒါပေမဲ့ ဒေါ့မွန်အသင်း ဂိုးပြတ်ဖို့တော့ ခက်မယ်ထင်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်

စိန့်အက်တီယန် - လိုင်လီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် နံနက် ၁:၁၅ နာရီ)

ပြိုင်ပွဲစုံနောက်ဆုံး (၂)ပွဲဆက်အရေးနိမ့်ထားတဲ့ လိုင်လီတို့ အခုအဝေးကွင်းပွဲမှာ နိုင်ပွဲပြန်ရဖို့ ရုန်းကန်လာပါလိမ့်မယ်။ စိန့်အက်တီယန်က ရာနှုန်းပြည့်ရှုံးပွဲနဲ့ ဇယားအောက်ဆုံးရောက်နေတဲ့အသင်းပါ။ လိုင်လီပဲ အနိုင်ရပါလိမ့်မယ်။

Most Read

Most Recent