ယီမင်တွင် ရေဘေးသင့်ပြည်သူ ၅၆၀,၀၀၀ ကျော်ရှိဟု ကုလသမဂ္ဂ ပြောကြား

ယီမင်တွင် ရေဘေးသင့်ပြည်သူ ၅၆၀,၀၀၀ ကျော်ရှိဟု ကုလသမဂ္ဂ ပြောကြား
စက်တင်ဘာ ၁ ရက်က ယီမင်နိုင်ငံ အယ်ခိုခါဒေသရှိ ရွှေ့ပြောင်းနေထိုင်သူများစခန်း၌ ရွှံ့ရေများကိုဖြတ်၍ လမ်းလျှောက်နေသော ကလေးများကို တွေ့ရစဉ်(Photo:AFP)
စက်တင်ဘာ ၁ ရက်က ယီမင်နိုင်ငံ အယ်ခိုခါဒေသရှိ ရွှေ့ပြောင်းနေထိုင်သူများစခန်း၌ ရွှံ့ရေများကိုဖြတ်၍ လမ်းလျှောက်နေသော ကလေးများကို တွေ့ရစဉ်(Photo:AFP)
Published 7 September 2024

ယီမင်နိုင်ငံတစ်ဝန်းတွင် လတ်တလော သီတင်းပတ်များအတွင်း ပြင်းထန်ရေကြီးမှုများနှင့် လေမုန်တိုင်းများကို ကြုံတွေ့သူအရေ အတွက် ၅၆၂,၀၀၀ ရှိသည်ဟု နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့(IOM)က စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့ကာ ရန် ပုံငွေပြတ်လတ်နေချိန်တွင် အလှူငွေဒေါ်လာ ၁၃ ဒသမ ၃ သန်း တောင်းခံခဲ့သည်။

ယီမင်တွင် မကြုံစဖူး ရာသီဥတုကပ်ဘေး  ကြုံတွေ့နေရပြီး ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုအကျပ်အတည်း များမှ တစ်ခုနှင့် ရင်ဆိုင်နေရသည်ဟုက ဆိုသည်။

“အပျက်အစီး ပမာဏကတော့ မယုံနိုင်လောက်အောင်ပါပဲ။ ခုခံနိုင်စွမ်းအား အနည်းဆုံးသူတွေကို ကူညီပေးနိုင်စေရေး သေချာဖို့ အတွက် နောက်ထပ်ရန်ပုံငွေတွေ အရေးတကြီး လိုအပ်နေပါတယ်”ဟု IOM ၏ယာယီ ယီမင်တာဝန်အဖွဲ့ အကြီးအကဲ မက်ဟူဘာက ပြောကြားခဲ့သည်။

ဇူလိုင်လကုန်နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ရေကြီးမှုများကြောင့် နေအိမ်များ ပျက်စီးခဲ့ကာ မိသားစုပေါင်း ထောင်ချီ ရွှေ့ပြောင်းနေထိုင်ခဲ့ရကာ ကျန်းမာရေးစင်တာများ၊ စာသင်ကျောင်းများနှင့် လမ်းများအပါအဝင် အရေးပါသော အခြေခံအ ဆောက်အအုံများ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့သည်ဟု IOM ကဆိုသည်။

လွန်ခဲ့သည့်လကုန်က ယီမင်၏ မာဟာဝစ်အုပ်ချုပ်ရေးနယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုများဖြစ်ပေါ်ပြီး လူ ၄၀ ဝန်းကျင် ပျောက်ဆုံးသို့မဟုတ် သေဆုံးမှုများ ရှိခဲ့သည်ဟု ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအေဂျင်စီ OCHA ကဆိုသည်။

ဒါဇင်နှင့်ချီသည့်နေအိမ်များ ပျက်စီးခဲ့ကာ မိသားစု ၂၁၅ စု ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်ဟု ဆိုသည်။

ယီမင်တစ်ဝန်းတွင် ဇူလိုင်လကုန်ပိုင်းကတည်းက အစောပိုင်းရေကြီးရေလျှံမှုများအတွင်း နောက်ထပ် လူ ၆၀ ခန့်သေဆုံးကာလူ ပေါင်းရာချီ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“ဒီမိုးဟာ လူ့အသက်တွေကို သေဆုံးစေရုံသာမက ရပ်ရွာပတ်ဝန်းကျင်တစ်ခုလုံးကို ပျောက်ကွယ်သွားစေပါတယ်”ဟု IOM က ဆိုသည်။

“မြေပြင်မှာ လိုအပ်တဲ့အရာတွေကို ဆောင်ရွက်ပေးနိုင်ဖို့ အရေးပေါ်ရန်ပုံငွေ တစ်ရပ်လိုအပ်နေပါတယ်”ဟု IOM ကပြောကြား ခဲ့ကာ လာမည့်သီတင်းပတ်များအတွက် ဆိုးရွားသော မိုးလေဝသအခြေအနေဆက်လက် ကြုံတွေ့နိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

သြဂုတ်လကုန်ပိုင်းကလည်း ယီမင်နိုင်ငံအနောက်ပိုင်းတွင် ရုတ်တရက်ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၃၀ ကျော်သေဆုံး ခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖြစ်ပွားသည့် မြေပြိုမှုများတွင် အိမ်များ၊ စျေးဆိုင်များ ပြိုကျပျက်စီးခဲ့သည်ဟု ဆိုသည်။

ဟူရ်သီသူပုန်တို့ ထိန်းချုပ်ထားသော ဧရိယာတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆည်သုံးခုကျိုးခဲ့ခြင်းကြောင့် ပြင်းထန်ရေကြီး မှုဖြစ်ပွားခဲ့ရာမှ လူသေဆုံးမှုများရှိခဲ့ပြီး လူများ ပျောက်ဆုံးခဲ့သည်။

ဟူရ်သီအစိုးရအဖွဲ့၏ ဒုတိယဝန်ကြီးချုပ် မိုဟာမက်မစ်ဖ်တာက ရေကြီးမှုများကြောင့် လမ်းများ ပိတ်ဆို့ကုန်ခြင်းသည် ကယ် ဆယ်ရေးအဖွဲ့များ ရောက်လာရေးကို ကြန့်ကြာစေခဲ့သည်ဟု ပြောကြားခဲ့သည်။                     

ယီမင်နိုင်ငံသားများသည် ၂၀၁၄ ခုနှစ်က စတင်ခဲ့သော ဆိုးရွားသည့် ပြည်သူ့စစ်ဘေးကို ကြုံတွေ့ခံစားနေရသည်။၂၀၁၄ခု နှစ်က အီရန်ကျောထောက်နောက်ခံ ပြုဟူရ်သီသူပုန်များသည် မြို့တော်ဆာနာနှင့်မြောက်ပိုင်းရှိ နေရာအများစုကို ထိန်းချုပ်ခဲ့ပြီး နိုင်ငံ တကာအသိအမှတ်ပြု အစိုးရကို ဖြုတ်ချမှုဖြစ်ပွားခဲ့သည်။

Ref:AFP