■ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 6 September 2024

အိုင်ယာလန် - အင်္ဂလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် ည ၁၀:၃၀ နာရီ)

နှစ်သင်းစလုံးအတွက် ခေတ်သစ်အစ၊ နည်းပြသစ်တွေရဲ့အစ ခြေလှမ်းတွေဖြစ်တယ်။ အိုင်ယာလန်အသင်းကို နည်းပြသစ် ဟောလ်ဂရစ်ဆန်က ဦးဆောင်လာမှာဖြစ်သလို၊ အင်္ဂလန်အသင်းကလည်း ဆောက်ဂိတ်ခေတ်လွန်ပထမဆုံးခြေလှမ်းအဖြစ် လီကာစလေနဲ့ ပွဲထွက်လာမယ်။ ထူးခြားတာက လီကာစလေက ဘာမင်ဂမ်ဖွားဆိုပေမယ့် အိုင်ယာလန်လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်ပြီး မိခင်နိုင်ငံနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အိုင်ယာလန်အသင်နည်းပြ ဟော်လ်ဂရစ်ဆန်ကတော့ ယူရို-၂၀၁၆ တုန်းက အင်္ဂလန်ကိုကန်ထုတ်ခဲ့တဲ့ အိုင်စလန်အသင်းကို တာဝန်ယူခဲ့ဖူးသူဖြစ်တယ်။ လက်ရှိအချိန်မှာ အင်္ဂလန်က ကြယ်ပွင့်အချို့ အသင်းကနှုတ်ထွက်သွားကြပေမယ့် အင်အားတောင့်တင်းနေဆဲပါ။ အင်္ဂလန်ပဲ ကြိုက်တယ်။ 

ဂျာမနီ - ဟန်ဂေရီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၈ ရက် နံနက် ၁:၁၅ နာရီ)

ဂျာမနီနဲ့ ဟန်ဂေရီတို့က ဒီဘက်နှစ်တွေမှာ မကြာခဏထိပ်တိုက်တွေ့နေတဲ့အသင်းတွေဖြစ်တယ်။ ဟန်ဂေရီက ဂျာမနီကို နောက်ပိုင်းနှစ်တွေမှာ အစဉ်အဆက် ဒုက္ခပေးလာရာက နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲမှာတော့ ဂျာမနီရဲ့အလဲထိုးခြင်းကိုခံခဲ့ရတယ်။ လက်ရှိ ဂျာမနီအသင်းက ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားဟောင်းတွေ မပါတော့တဲ့လုံးဝ သွေးသစ်အသင်းတစ်သင်းဖြစ်ပြီး ဟန်ဂေရီကလည်း အသင်းကောင်းအဖြစ် ရှိနေဆဲပါ။ ဒါပေမဲ့ ဂျာမနီပဲ အနိုင်ရလိ်မ့်မယ်။ 



နယ်သာလန် - ဘော့စနီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၈ ရက် နံနက် ၁:၁၅ နာရီ)

နယ်သာလန်က ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာရော၊ ယူရိုပြိုင်ပွဲမှာပါ အောင်မြင်မှုမရခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့တာကိုတွေ့ရတယ်။ ဒီဘက်နှစ်တွေမှာ နယ်သာလန်အသင်းကို ပုံစံကောင်းနဲ့ ပြန်မြင်လာရပြီး အားနည်းချက်ကတော့ ထုံးစံအတိုင်း တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဘော့စနီးယားကတော့ နိုင်ငံတကာပွဲတွေမှာရော ခြေစမ်းပွဲတွေမှာပါ ရလဒ်တွေဆက်တိုက်ဆိုးခဲ့တဲ့အသင်းဖြစ်ပြီး လက်ရှိအနေအထားအရ နယ်သာလန်ကို ယှဉ်ကစားဖို့လည်း ခက်ပါတယ်။ နယ်သာလန်ပဲ နိုင်မယ်။ 



■ အခြားပွဲစဉ်များ

ဖာရိုးကျွန်းစုများ - မြောက်မက်ဆီဒိုးနီးယား* (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် ည ၇:၃၀ နာရီ)

*ဂျော်ဂျီယာ - ချက် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် ည ၁၀:၃၀ နာရီ)

မော်လ်ဒိုဗာ - မော်လ်တာ* (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် ည ၁၀:၃၀ နာရီ)

*အာမေးနီးယား - လတ်ဗီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက် ည ၁၀:၃၀ နာရီ)

*ယူကရိန်း - အယ်လ်ဘေးနီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၈ ရက် နံနက် ၁:၁၅ နာရီ)

*ဂရိ - ဖင်လန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၈ ရက် နံနက် ၁:၁၅ နာရီ)

 

Most Read

Most Recent