အကောင်းဆုံးစွမ်းဆောင်ရည် ပြသသွားမည်ဟု ဂျက်ဆီမက်ရှ် ကြုံးဝါး

အကောင်းဆုံးစွမ်းဆောင်ရည် ပြသသွားမည်ဟု ဂျက်ဆီမက်ရှ် ကြုံးဝါး
Photo: Fabrizio
Photo: Fabrizio
Published 8 July 2024

ကနေဒါနည်းပြ ဂျက်ဆီမက်ရှ်က အာဂျင်တီးနားနှင့် ပြန်လည်ရင်ဆိုင်ရမည့် ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်ရည် ပြသသွားမည်ဟု ကြုံးဝါးခဲ့သည်။

ကနေဒါအသင်းသည် အုပ်စုအဆင့်၌ (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော အာဂျင်တီးနားအသင်းနှင့် ဆီမီးဖိုင်နယ်တွင် ပြန်လည်ဆုံတွေ့ခြင်းဖြစ်သည်။

ယင်းအတွက် ဂျက်ဆီမက်ရှ်က ''အာဂျင်တီးနားအသင်း အကောင်းဆုံးပွဲတစ်ပွဲကို ကစားရမှာပါ။ ကျွန်တော်တို့ ဗိုလ်လုပွဲရောက်အောင် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

ကနေဒါအသင်းသည် ကိုပါအမေရိကပြိုင်ပွဲကို ယခုနှစ်တွင် ပထမဆုံးယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။

Most Read

Most Recent