စာချုပ်သက်တမ်းကုန်မှ ရီးယဲလ်မှထွက်ရန် လူနင်ဆုံးဖြတ်

စာချုပ်သက်တမ်းကုန်မှ ရီးယဲလ်မှထွက်ရန် လူနင်ဆုံးဖြတ်
Photo: Madrid Xtra
Photo: Madrid Xtra
Published 22 August 2024

ရီးယဲလ်ဂိုးသမား လူနင်သည် စာချုပ်သက်တမ်းကုန်မှ အသင်းမှ ထွက်ခွာရန်ဆုံးဖြတ်ထားကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင်ဂိုးသမား လူနင်သည် ပြီးခဲ့သည့်ရာသီ ကော်တိုအာ ဒဏ်ရာရနေချိန်တွင် လက်စွမ်းပြနိုင်ခဲ့သူဖြစ်သည်။

သို့သော် ကော်တိုအာ ဒဏ်ရာမှ ပြန်ကောင်းလာချိန်တွင် လူနင်မှာ ဒုတိယဦးစားပေးအဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။

ထို့ပြင် ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့် လူနင်၏ လက်ရှိစာချုပ်မှာလည်း ၂၀၂၅ ခု နှစ်တွင် ကုန်ဆုံးမည်ဖြစ်ရာ ၎င်းအနေဖြင့် ယခုနွေတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိခဲ့သည်။

သို့သော် Sport ၏ ဖော်ပြချက်အရ လူနင်သည် ယခုအခါ ရီးယဲလ်အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်နေရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လူနင်အနေဖြင့် ရီးယဲလ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးမှသာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent