အီတလီအသင်းကို အနိုင်ရခဲ့သော်လည်း စီးရီးအေပြိုင်ပွဲကို ဆွန်းမား ကာကွယ်

အီတလီအသင်းကို အနိုင်ရခဲ့သော်လည်း စီးရီးအေပြိုင်ပွဲကို ဆွန်းမား ကာကွယ်
Photo: X
Photo: X
Published 1 July 2024

ဆွစ်ဇာလန်အသင်း၏ ဂိုးသမား ဆွန်းမားက ယူရို-၂၀၂၄ ပြိုင်ပွဲ (၁၆)သင်းအဆင့်တွင် အီတလီအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သော်လည်း စီးရီးအေပြိုင်ပွဲကိုမူ ကာကွယ်ပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးရီးအေကလပ် အင်တာမီလန်အသင်းတွင် ကစားနေသည့် ဆွန်းမားအား အီတလီဘောလုံးလောက ပြဿနာရှိနေပြီလားဟု မေးမြန်းခဲ့ရာ ၎င်းက ''ကျွန်တော် အဲဒီလို မထင်ပါဘူး။ အီတလီက ထိပ်တန်းအသင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့က တကယ်ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ စီးရီးအေကလည်း ကောင်းမွန်ပါတယ်။ ပြီးတော့ အီတလီအသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးပါ''ဟု ဆိုခဲ့သည်။

ဆွစ်ဇာလန်အသင်းသည် ယူရို-၂၀၂၄ ကွာတားဖိုင်နယ်တွင် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

Most Read

Most Recent